ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊လုပ်ငန်းကော်မတီ(၈)ရပ်နှင့် ခရိုင်/မြို့နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီများ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊လုပ်ငန်းကော်မတီ(၈)ရပ်နှင့် ခရိုင်/မြို့နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီများ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 10, 2025


ဘားအံ - ဇူလိုင် (၁၀)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီ (၈)ရပ်နှင့် ခရိုင်/မြို့နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီများ၏ (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပ သည်။

            ဦးစွာပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနာယကပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က လုပ်ငန်းကော်မတီအသီးသီးမှမိမိတို့လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို အမျိုးသားကော် မတီသို့ အချိန်မီပေးပို့နိုင်ရေးနှင့် အချက်အလက်များမှန်ကန်ရေးအလေးထားဆောင်ရွက်စေလိုကြောင်း၊ မိမိတို့လုပ်ငန်း တာဝန်များကိုအဓိကထားဆောင်ရွက်ပြီး လုပ်ငန်းကော်မတီအချင်းချင်းသော်လည်းကောင်း၊ သက်ဆိုင်ရာဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့်သော်လည်းကောင်း ချိတ်ဆက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး  ပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်အတွင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ လုပ်ငန်းကော်မတီ(၈)ရပ်၏ အတွင်းရေးမှူးများက သက်ဆိုင် ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

            ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊ အသက်(၁၄)နှစ်နှင့်(၁၆)နှစ်ကြား ကလေးသူငယ်ဦးရေ၊ အသိ ပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်မှု၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခဲ့မှု၊ NGO,INGO လူမှုအဖွဲ့အစည်းများနှင့်ပေါင်းစပ်ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက် လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံ ပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများ နှင့် အထူး နေ့လည်စာကို သုံးဆောင်ခဲ့ကြသည်။

ထိုသို့ အထူးနေ့လည်စာသုံးဆောင်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ၏စားရေရိက္ခာဖူလုံရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးကဏ္ဍများတွင် အားကိုးအားထားပြုရသော စက်မှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေး တတ်သိပညာရှင်များ၊ ကျွမ်း ကျင်ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြစေလိုပြီး  အဆောင်နေခွင့်ပေးထားကာ နေထိုင်စားသောက်စရိတ်အခမဲ့ဖြင့် ပညာရှင်များကို မွေးထုတ်ပေးနေခြင်းဖြစ်သည့်အတွက် ကျောင်းစည်းကမ်း၊ အဆောင်စည်း ကမ်းများကိုလိုက်နာ၍ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာကိုဆည်းပူးလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လည်စာအတွက်ငွေကျပ် ခုနှစ်သိန်းခြောက်သောင်းနှစ်ထောင် ကျပ်ကို ကျောင်းအုပ်ဆရာမကြီးထံချီးမြှင့်ပေးအပ်ပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးထွန်းမြင့်က ကျောင်းသား၊ကျောင်းသူများသင်ကြားရေးအထောက်အကူဖြစ်စေရန် ကွန်ပျူတာ(၁)စုံ၊ laser Printer (၁)လုံး၊ Document Scanner (၁)လုံး၊ မြေတိုင်း Tripot (၁)စုံ၊ လက်ကိုင်မှန်ဘီလူး ၃၀ ခု၊ ဆေးဖျန်းပုံး တစ်လုံး၊ ပေါက်တူး ၂၀ လက်၊ ခမောက်(၅၀)ချပ်ကိုလည်းကောင်း၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ တင်နွယ်ရီက ကြက်ဥ၊ဘဲဥများနှင့်မီးအားမြှင့်စက်တစ်လုံးတို့ကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြကာ အဆိုပါ အထက်တန်းကျောင်းရှိ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဦး၊ ဆရာ၊ဆရာမ ၂၄ ဦး တို့နှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အဆိုပါအထက်တန်းကျောင်းပရိဝုဏ်အတွင်းရှိ ဝက်မွေးမြူရေးခြံ၌ဝက်များ မွေးမြူထားရှိမှု၊ ကြက်မွေးမြူရေးခြံဆောက်လုပ်မည့်မြေနေရာ၊ ဟင်းသီးဟင်းရွက်ပဒေသာစိုက်ခင်း(School Garden) တို့ကို လှည့်လည်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဂ) ဘားအံဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြုအသင်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုဧည့်ခံသည့်အခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခွင့်ရမှု အပေါ် များစွာဂုဏ်ယူဝမ်းမြောက်မိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြုဘောလုံးအသင်းများကို လှိုက်လှိုက်လှဲ လှဲ ကြိုဆိုပါကြောင်း၊ ကရင်ပြည်နယ်သို့ရောက်ရှိနေထိုင်စဉ်အတွင်း တိုင်းရင်းသားညီအစ်ကိုများ၏ ချစ်စရာကောင်း သည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် လေ့လာသွားကြစေလိုပြီး ပြိုင်ပွဲဝင်အသင်းများ သွားလာ နေထိုင်စားသောက်ရေးကိစ္စရပ်များကို အစစအရာရာအဆင်ပြေပြေ စီမံဆောင်ရွက်ထားရှိပါကြောင်းနှင့် စိတ်ချမ်းမြေ့စွာဖြင့် ပြိုင်ပွဲကြီးအား ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အုပ်စု(ဂ)တွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မွန်ပြည်နယ်အသင်း၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့အား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီး လ္ဘက်ရည်ပွဲ(Tea Party)ဖြင့် တည်ခင်းဧည့်ခံကာ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြုအားကစားအသင်းများမှ အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025
AnnouncementsExplore more >

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on Jul 29, 2025

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

Posted on Jul 28, 2025

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

Posted on Jul 28, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ