ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇသီရိပျံချီ ဘဒ္ဒန္တဉာဏိက၏ (၆၆)နှစ်ပြည့်ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်ဖူးမြော်ကြည်ညို
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇသီရိပျံချီ ဘဒ္ဒန္တဉာဏိက၏ (၆၆)နှစ်ပြည့်ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်ဖူးမြော်ကြည်ညို
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / May 09, 2025

ဘားအံ - မေ (၉)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တဉာဏိက၏ (၆၆)နှစ်ပြည့်ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာအခမ်းအနားကို မေလ ၉ ရက်နေ့ နံနက်ပိုင်းက အေးလင်းမြရှင်ဓမ္မာရုံ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ဦးစွာ ဆရာတော်ဘုရားကြီး၏မွေးနေ့မင်္ဂလာအထိမ်းအမှတ် လှိုင်မေတ္တာတံတား၊ ဆကေသာဘုရားနှင့် ကမော့လဲကျေးရွာကိုဆက်သွယ်ထားသောလမ်းဖွင့်ပွဲကိုကျင်းပရာ ဒုတိယမြိုင်ကြီးငူဆရာတော် ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တံတားနှင့်လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ထို့နောက် ဒုတိယမြိုင်ကြီးငူဆရာတော်ဘုရားကြီး၏ (၆၆)နှစ်ပြည့်ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာပူဇော်ပွဲ နှင့်(၃၁)ကြိမ်မြောက် မြိုင်ကြီးငူအထူးဒေသ ငြိမ်းချမ်းမင်္ဂလာအထိမ်းအမှတ်အဖြစ် သံဃာတော်အပါး(၂၀၀၀)ဆွမ်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားကို အေးလင်းမြရှင်ဓမ္မာရုံ၌ကျင်းပရာ ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ သီရီပျံချီ ဘဒ္ဒန္တဉာဏိကအမှူးပြုသောဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆရာတော်ဘုရား ကြီး၏တပည့်ဒါယကာ၊ဒါယိကာမများ တက်ရောက်ဖူးမြော်ကြည်ညိုကြကာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ဒုတိယမြိုင်ကြီးငူဆရာတော် အဂ္ဂ မဟာမင်္ဂလဓမ္မဇောတိကဓဇသီရီပျံချီဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော် များရွတ်ဖတ်သရာဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကိုနာယူကြည်ညိုကြကာ ဒုတိယမြိုင်ကြီးငူ ဆရာတော်ဟောကြားတော်မူသော အနုမောဒနာတရားကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုတိယမြိုင်ကြီးငူ ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထီးဖိုးကလုံး-မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းစရိတ်ငွေကျပ် ၉၄၅၇၀၀၀ဝိ/-(ကိုးရာလေးဆယ်ငါးသိန်း ခုနှစ်သောင်းကျပ်)ကိုဆက်ကပ်လှူဒါန်းကြကာ ဆရာတော်ဘုရားကြီး၏ တပည့်ဒါယိကာ၊ဒါယိကာမများက ဆရာတော်ဘုရားကြီးနှင့်ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ဒုတိယမြိုင်ကြီးငူဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ထေရဝါဒဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၄)၊ တံတားအထူးအဖွဲ့(၁၄)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသော ရွှေဂွန်းလမ်း(ဇင်ယော်ဖြတ်လမ်းမှ အထက(၁)ရှေ့လမ်း) ဖြတ်ကျော်တည်ဆောက်မည့် လှိုင်းဘွဲ ချောင်း လူကူးကြိုးတံတား(၂၄၀)ပေ တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ တံတားအထူးအဖွဲ့(၁၄) တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးဝေဖြိုးက Foucdation လုပ်ငန်း၊ T1 & T2 Cap လုပ်ငန်း၊ Shaft & Column လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား ကာ လုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 14, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း
Posted on Jun 13, 2025