ကိုယ်တိုင်အားထုတ် အလုပ်လုပ်
ကိုယ်တိုင်အားထုတ် အလုပ်လုပ်
Ministry of Information/ Naypyitaw / July 17, 2025
မည်သည့်အစိုးရ နိုင်ငံတော်တာဝန်ယူသည်ဖြစ်စေ ကိုယ်တိုင်အလုပ်လုပ်မှ အကျိုးခံစားခွင့်နှင့် တိုးတက်မှုများ ရရှိမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ခရီးစဉ်အတွင်း နိုင်ငံတော်အကြီးအကဲက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
စွမ်းဆောင်ရည်မြင့်မားပြီး ကြိုးပမ်းအားထုတ်အလုပ်လုပ်ကြသည့် လူများ၊ လူ့အဖွဲ့အစည်းများ၊ နိုင်ငံများ အဆင့်အတန်းမြင့်မားဖွံ့ဖြိုးတိုးတက်သွားကြသည်ကို မိမိတို့မျက်မှောက်တွင် တွေ့မြင်နိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြသူများမှာ ပြည်သူနှင့် အစိုးရပင်ဖြစ်ပြီး ပြည်သူသည် အရည်အချင်း၊ အရည်အသွေးပြည့်ဝရန် တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သည့် စွမ်းရည်ရှိရန်နှင့် အလုပ်လုပ်လိုသည့် စိတ်ဓာတ်ရှိရန် လိုအပ်ပြီး အစိုးရသည် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ဦးရွက်ပြုနိုင်မည့် ထိရောက်ထက်မြက်သော အစိုးရများ ဖွဲ့စည်းနိုင်ရန်လိုသည်။ အစိုးရနှင့် ပြည်သူကြားတွင်မူ အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှုဟူသော အမြင်များ တိုးတက်မြင့်မားရန် လိုအပ်သကဲ့သို့ အစိုးရနှင့် ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှု (Political Maturation) သည်လည်း မရှိမဖြစ် လိုအပ်ကြောင်း ပညာရှင်များက မိန့်ဆိုထားသည်။
ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် အနောက်နိုင်ငံများကသာ ဦးဆောင်လွှမ်းမိုးခဲ့ရာမှ အာရှတွင် ပထမဆုံးဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အနောက်နိုင်ငံများကိုပါ ကျော်တက်နိုင်ခဲ့သည့် နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။ သယံဇာတအရင်းအမြစ် ရှားပါးသည့် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြင့်မားမှုမှာ မယုံနိုင်ဖွယ်ဖြစ်ခဲ့ပြီး စူးစမ်းလေ့လာမှုများအရ ဂျပန်လူမျိုးတို့၏ မည်သည့်အလုပ်ကိုမဆို ရည်ရွယ်ချက်ရှိရှိဖြင့် စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်စွမ်းရှိမှု၊ တာဝန်ရှိမှုနှင့် ဝတ္တရားရှိမှုတို့အပေါ် အလေးအနက်ထားမှုတို့အပြင် အခြားစိတ်ဓာတ်ရေးရာထူးခြားချက်တို့က ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်ရည်ကို မြင့်မားစေသည်ဟု ဆိုသည်။
အာရှနိုင်ငံများထဲမှာ ကိုရီးယားသမ္မတနိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းမသာသည့် အခြေအနေများစွာရှိသည့်အထဲမှ ထိုးထွက်လာခဲ့သည့် နိုင်ငံဖြစ်သည်။ သဘာဝအရင်းအမြစ် ချို့တဲ့ပြီး စိုက်ပျိုးနိုင်သည့် မြေမှာလည်း စတုရန်းကီလိုမီတာ ၂၂၀၀၀ မျှသာရှိသည်။ မြေအောက်သယံဇာတအနေဖြင့်လည်း ခဲမဖြူနှင့် သက်နုကျောက်မီးသွေး အနည်းငယ်မျှသာ ထွက်သည်။ ၁၉၆၀ ပြည့်နှစ်အထိ စိုက်ပျိုးရေးကိုသာ မှီခိုအားထားခဲ့ရပြီး ပြည်ပပို့ကုန်အဖြစ် ခဲမဖြူ၊ ကျောက်မီးသွေး၊ ဆန်၊ ငါး၊ ပိုးချည်နှင့် ကျောက်အနည်းငယ်စီတို့ကို တင်ပို့နိုင်သော ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံဖြစ်ခဲ့သည်။ သမ္မတပတ်ချုံဟီးလက်ထက်တွင် “ပြင်းထန်သော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်” ဖြင့် ဆောင်ရွက်ခဲ့ရာမှ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီး မျက်မှောက်ကာလတွင် စက်မှုဖွံ့ဖြိုးသည့် နိုင်ငံဖြစ်လာခြင်းဖြစ်သည်။
အဆိုပါနိုင်ငံများ၏နောက်တွင် အာရှမှဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံများမှာ တရုတ်နှင့် အိန္ဒိယတို့ဖြစ်သည်။ ကမ္ဘာတစ်ခွင်ဂလိုဗယ်လိုက်ဇေးရှင်းဖြစ်စဉ်တွင် နိုင်ငံအတွက် ဖြစ်ပေါ်လာသည့် အခွင့်အလမ်းတို့ကို လက်လွတ်မခံဘဲ တစိုက်မတ်မတ်ကြိုးပမ်းအားထုတ်အလုပ်လုပ်ကြရာမှ အင်အားကြီးနိုင်ငံများအဖြစ်သို့ တက်လှမ်းလာနေသည်ကို မိမိတို့တွေ့မြင်နေရပြီဖြစ်သည်။
ပဒေသာပင်သည် မြေမှအလိုလိုပေါက်လာသည် မဟုတ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်ခြင်းဟူသည်လည်း အလုပ်လုပ်ကြမှသာ ရရှိခံစားနိုင်သည့် အကျိုးဖြစ်သည်။ မိမိတို့၏ မိသားစုလူမှုဘဝများ ဖူလုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့နေထိုင်ရာရပ်ရွာများ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတွင် မည်သည့်အစိုးရတို့ တာဝန်ယူသည်ဖြစ်စေ မိမိတို့ကိုယ်တိုင်ကြိုးပမ်းအားထုတ်အလုပ်လုပ်ခြင်းဖြင့် တာဝန်ကျေပွန်ရပါမည့်အကြောင်း။ ။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
