ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Ministry of Home Affairs/ Nay Pyi Taw / March 19, 2025
၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား/ သူများ တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့၊ အင်္ဂလားရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(တိုက်ကြီး)တွင် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် အပြင်စည်းလုံခြုံရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အလားတူ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ သူများ စာမေးပွဲဖြေဆိုနေမှုူ အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Posted on May 5, 2025