ခရစ်တော်မွေးနေ့ ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနား ကျင်းပ
ခရစ်တော်မွေးနေ့ ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / December 26, 2025
ရန်ကုန် ဒီဇင်ဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)က ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ ခရစ္စမတ်ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ ဧမာနွေလဘုရားကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ဒေါက်တာတူးတူး (ခရစ်ယာန် ဘာသာ)၊ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊ ဗဟိုကော်မတီအတွင်းရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဗဟိုတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌများနှင့် တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ်များမှဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ခရစ်ယာန်ဘာသာဝင်မိသားစုများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးဖွဲ့ (ဗဟို)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌများနှင့် တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ထို့နောက် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ ခရစ်ယာန်ဘာသာဝင် ဗဟိုအလုပ်အမှုဆောင်များက ဧည့်သည်တော်များအား ခရစ္စမတ်လက်ဆောင်များပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ ခြင်းတို့ကို အခမ်းအနားအစီအစဉ်အတိုင်း ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း
Posted on Dec 26, 2025ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လက်ရှိထုတ်ပြန်ထားသော နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရ အမိန့်အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။