ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / February 20, 2026


နေပြည်တော် ဖေဖော်ဝါရီ ၁၉ ရက်

ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ များစွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန် ရှိသူများ၊ ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊ အာဆီယံ-ဂျပန်ဗဟိုဌာန၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေးအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးမှ ခရီးသွားလုပ်ငန်း၏ အရေးပါမှုကို အသိအမှတ်ပြုလာကြပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်ရေး ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လာကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလားအလာရှိသော ခရီးစဉ်ဒေသများ ဖော်ထုတ်ရေးဆောင်ရွက်ရာတွင် မြေပြင်လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်နိုင်ရန် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်အထိ ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှု အဖွဲ့ပေါင်း ၂၀၀ ကျော် ဖွဲ့စည်းဆောင်ရွက်ထား ရှိပြီး ဖြစ်ပါကြောင်း။

ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် မိမိတို့၏ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည် များပိုမိုလာရောက်လည်ပတ်စေရေးနှင့် လုံခြုံစိတ်ချမှုရှိစွာ သွားလာလည်ပတ်နိုင်ရေး၊ ဧည့်သည်များ အား ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးနိုင်စေရေး၊ ခရီးသွားဆွဲဆောင်မှုအသစ်များ ဖော်ထုတ် ရေးနှင့် ဈေးကွက်ရှာဖွေမြှင့်တင်ရေးစသည့် လုပ်ငန်းတာဝန်များကို စနစ်တကျအကောင်အထည် ဖော်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာ အသိပညာဗဟုသုတများ၊ အတွေ့အကြုံကောင်းများကို စာတွေ့လက်တွေ့လေ့လာသိရှိနိုင်မည်ဖြစ်ပြီး ဒေသအသီးသီးရှိ ခရီးစဉ် ဒေသစီမံခန့်ခွဲမှုအဖွဲ့ဝင်များအနေဖြင့်လည်း မြေပြင်တွင် မိမိတို့လုပ်ငန်းများဆောင်ရွက်ရာ၌ ရင်ဆိုင် ကြုံတွေ့ရသည့် အခက်အခဲများနှင့်စိန်ခေါ်မှုများကို မျှဝေပေးနိုင်မည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာမည့် ဆွေးနွေးမှုရလဒ်များနှင့် တွေ့ရှိချက်များကို သက်ဆိုင်ရာခရီးစဉ်ဒေသများတွင် လက်တွေ့အသုံးချ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အလုပ်ရုံဆွေးနွေးပွဲကျင်းပနိုင်ရေး အာဆီယံ-ဂျပန်ဗဟိုဌာန၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပညာရှင်များက ခရီးစဉ်ဒေသစီမံခန့်ခွဲရေးဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးပြောကြားကာ အဖွဲ့များခွဲ၍ ဆွေးနွေးခြင်း၊ စကားဝိုင်းဆွေးနွေးခြင်းနှင့် ဆွေးနွေးပွဲရလဒ်များကို သုံးသပ်တင်ပြခြင်းများ ဆောင်ရွက်ကြသည်။

သတင်းစဉ်

Source From: Kyemon

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026