ငလျင်ဒဏ်သင့် လယ်မြေများအား ပြန်လည်ကုစားနိုင်ရေး ကွင်းဆင်းစစ်ဆေး

ငလျင်ဒဏ်သင့် လယ်မြေများအား ပြန်လည်ကုစားနိုင်ရေး ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / April 28, 2025
image_latest


နေပြည်တော် ဧပြီ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေရေလွှဲ ဆည်မှရေသောက်စနစ်အတွင်း စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူလယ်သမားများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမှာကြားသည်။

ထို့နောက် တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်အုပ်စုကွင်း အမှတ် ၂၀၃၇ ရှိ စပါးစိုက်ပျိုးထားရှိသည့် လယ်မြေများအတွင်း၌ မန္တလေးငလျင်ကြီးကြောင့် မြေအောက်ရှိသဲများ မြေမျက်နှာ ပြင်ပေါ်သို့ တက်ရောက်လာမှုကို လည်းကောင်း၊ ဇေယျာသီရိ မြို့နယ်နေပန်လပန် စနစ်ကျလယ်မြေ၏ ကုန်ထုတ်လမ်းများ၊ လယ်ကွက်များ သဲထွက်ခြင်းနှင့် ဖြစ်နိုင်သည့်အက်ကွဲမှုကို ပြန်လည်ကုစားရန်ပြင်ဆင်ထားရှိမှုများကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် ညို့ပင်အုပ်စု ဂွေ့ကြီးကျေးရွာရှိ ကွင်းအမှတ် ၁၈၀၉ အတွင်း လယ်ကွက်များ မြေနိမ့်ကျခြင်း ဖြစ်စဉ်အား ပြန်လည်ကုစား ပြင်ဆင်နိုင်ရေးနှင့် ပျဉ်းမနားမြို့နယ် ပြူတွင်းကျေးရွာကွင်း လယ်မြေများတွင် ဖြစ်ပေါ်ခဲ့သည့် မြေအက်ကြောင်းများအား တောင်သူများ၏ အင်အားနှင့် ပူးပေါင်းကာ ပြန်လည်မြေဖို့ ပြုပြင်ဆောင်ရွက်ထားမှုကို လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ ကွင်းအမှတ် ၁၆၅၉ အတွင်း သဲများထွက်ရှိလာမှုနှင့် ကွင်းအမှတ် ၁၆၆၀ အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဆည်ရေသောက် စနစ်နှင့်လယ်ကြားမြောင်း ထိခိုက်ပျက်စီးမှုများအား တောင်သူများနှင့် ပူးပေါင်းဆောင်ရွက် ပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊ ငလျင်အပြီးလယ်မြေများအတွင်း၌ လက်ရှိ မြေဆီလွှာပါဝင်ဖွဲ့စည်း ပုံ(Soil profile)နမူနာများ စစ်ဆေးရန် ဆောင်ရွက်မှု၊ လက်ရှိစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် စပါးမျိုးများအထွက်ယှဉ်ပြိုင် စမ်းသပ်ကွက်များကို လည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင် ကြီးစကျေးရွာမှ လယ်မြေများအတွင်း သဲများလမ်းကြောင်းအလိုက် ထွက်ပေါ်လာမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တောင်သူအခြေပြု သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှု စောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် တောင်သူများအနေဖြင့် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် မြေပြင်သတင်း အချက်အလက်များပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Posted on Feb 09, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 08, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Posted on Feb 07, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Posted on Feb 06, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Posted on Feb 04, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 04, 2026
AnnouncementsExplore more >

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

Posted on Feb 8, 2026

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကြေညာခြင်း

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

Posted on Feb 8, 2026

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းထုတ်ပြန်ကြေညာ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Feb 5, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း