စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ချင်းပြည်နယ်၊ တီးတိန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ချင်းပြည်နယ်၊ တီးတိန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်


Ministry of Information/ Naypyitaw / May 27, 2026
image_latest


နေပြည်တော် မေ ၂၇

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံဒေသများကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုရရုံးဌာနများနှင့် သာသာရေးဆိုင်ရာ အဆောက်အအုံများအား အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံ အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ၂၅ ရက်တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့မှ တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါကလေးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို မေလ ၂၆ ရက်နေ့တွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဖလမ်းမြို့သို့ ပို့ဆောင်ပေးခဲ့သည်။

ယနေ့တွင်လည်း ကလေးမြို့တွင်ရောက်ရှိနေပြီး တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ ပို့ဆောင်ရန်ကျန်ရှိသော နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ် မြေ၊ သွပ်၊ သံများနှင့် လူသုံးကုန်ပစ္စည်းများကို ကလေးမြို့မှတစ်ဆင့် တီးတိန်မြို့နှင့် တွန်းဇံမြို့များသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ညနေပိုင်းတွင် တီးတိန်မြို့သို့ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ တွန်းဇံမြို့သို့ ပို့ဆောင်ရန်ကျန်ရှိသည့် ကုန်ပစ္စည်းများကို ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026
AnnouncementsExplore more >

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

Posted on May 27, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ