စစ်တွေမြို့၌ ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင်ဂြိုဟ်ရှစ်ခွင် ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓဘိသေကဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပြုလုပ်
စစ်တွေမြို့၌ ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင်ဂြိုဟ်ရှစ်ခွင် ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓဘိသေကဘုရားအနေကဇာတင် အလှူတော်မင်္ဂလာပြုလုပ်
Ministry of Information/ Naypyitaw / November 09, 2025
နေပြည်တော် နိုဝင်ဘာလ ၉
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ/ စစ်သည်၊ မိသားစုဝင်တို့၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်သော ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင်ဂြိုဟ်ရှစ်ခွင် ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓဘိသေကဘုရားအနေကဇာတင် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ သံဃာတော်များက ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်နှင့် မဟာဗောဓိပင် ဂြိုဟ်ရှစ်ခွင် ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ပူဇော်ကြသည်။ ထို့နောက် တပ်နယ်ဓမ္မာရုံ၌ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအရိယဝံသထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Posted on Nov 10, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 09, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Posted on Nov 08, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Posted on Nov 07, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Posted on Nov 06, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Nov 05, 2025
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအသိပေးကြေညာခြင်း
Posted on Nov 8, 2025သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၈-၁၂-၂၀၂၅ ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ကျောင်းတက်ရောက်နေကြရမည်ဖြစ်ပါသည်။ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့်
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 8, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Posted on Nov 8, 2025တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
