စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / December 18, 2025
၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များနှင့် ဆက်နွှယ်သည့်အခွင့်အရေးပိုင်ရှင်များ၏ အခွင့်အရေး များကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကို အမိန့်ကြော်ငြာစာ အမှတ် (၂၁၈/၂၀၂၃) ဖြင့် ၃၁-၁၀-၂၀၂၃ ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီးဖြစ်ပါသည်။ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃) ဖြင့် ၂၃-၁၀-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မှတ်ပုံတင်လျှောက်ထားခြင်းအတွက် လိုအပ်သောလျှောက်လွှာပုံစံ (၁၃) မျိုးကို အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၃) ဖြင့် ၂၀-၁၁-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးအစားအလိုက် ပေးသွင်းရမည့်အခကြေးငွေများကို အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၄) ဖြင့် ၁၃-၂-၂၀၂၄ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ စာပေနှင့် အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းများကို ၉-၂-၂၀၂၄ ရက်နေ့တွင် စတင်လက်ခံဆောင်ရွက်နေပြီဖြစ်ပါသည်။
၂။ မှတ်ပုံတင်လျှောက်ထားခြင်းများကို မူပိုင်ခွင့်ဦးစီးဌာနသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ အီလက်ထရောနစ်စနစ် (CR File System) ကို အသုံးပြု၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။ မူပိုင်ခွင့်ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် စာပေနှင့်အနုပညာမူပိုင်ခွင့် ကိုယ်စားလှယ်သင်တန်းတက်ရောက် ပြီးဖြစ်သည့် ကိုယ်စားလှယ်နှင့်လည်း လျှောက်ထားနိုင်ပါသည်။
၃။ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်လွှာပုံစံများကို မူပိုင်ခွင့်ဦးစီးဌာန ဝက်ဘ်ဆိုက် (ipd.gov.mm) တွင် download ရယူနိုင်ပြီး အခကြေးငွေများ၊ လျှောက်လွှာဖြည့်သွင်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း ကြည့်ရှုနိုင်ပါသည်။ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုသည်များရှိပါက မူပိုင်ခွင့်ဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) (၀၆၇ ၃၄၃၀၅၉၄)၊ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်) (၀၁ ၈၃၀၀၂၈၃)၊ အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး) (၀၉ ၈၉၀၆၁၅၁၅၂) နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် ဌာနခွဲ (၀၆၇ ၃၄၃၀၅၉၇) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Dec 17, 2025
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 14, 2025
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Dec 18, 2025နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၇/၁၈-၁၂-၂၀၂၅)
Posted on Dec 18, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Dec 5, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
