စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်း စားသုံးဆီသိုလှောင်ကန်များ မြေပြင်လက်ကျန်အခြေအနေ ကြည့်ရှုစစ်ဆေး
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်း စားသုံးဆီသိုလှောင်ကန်များ မြေပြင်လက်ကျန်အခြေအနေ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / July 09, 2025
ရန်ကုန် ဇူလိုင် ၈
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စားသုံးဆီသိုလှောင်ကန်များ မြေပြင်လက်ကျန်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပြည်သူများ ဈေးကွက်အတွင်း နေ့စဉ်သုံးစွဲလျက်ရှိသော စားသုံးဆီများ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စားသုံးဆီပြတ်လပ်မှုမဖြစ် ပေါ်စေရေးအတွက် စားသုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ကုမ္ပဏီများ၏ စားသုံးဆီသိုလှောင်ကန်များတွင် သိုလှောင်ထိန်းသိမ်းထားရှိသော စားသုံးဆီ မြေပြင်လက်ကျန်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆီဖြန့်ဝေရာတွင် လျော့နည်းမှုမရှိစေရေးနှင့် အချိန်အတွယ် အလေးချိန်မှန်ကန်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း