စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းမြို့တွင် ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများကို သက်သာသောဈေးနှုန်းများဖြင့် ၆၂ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းမြို့တွင် ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများကို သက်သာသောဈေးနှုန်းများဖြင့် ၆၂ ရက်မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ
Ministry of Information/ Naypyitaw / June 02, 2025

နေပြည်တော် ဇွန် ၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများကို စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ၂၀၂၅ ခုနှစ် မတ် ၃၀ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ဇွန် ၁ ရက်တွင် ၆၂ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ဇွန် ၁ ရက်တွင် စစ်ကိုင်းမြို့အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) သုံးအိတ်၊ စားအုန်းဆီ ၅၅ ပိဿာ၊ ဆား လေးပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိနှစ်ပိဿာ၊ ငါးနီတူခြောက် တစ်ပိဿာ၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ သုံးထုပ်၊ ကြက်ဥ ၇၅ လုံး၊ ဘဲဥအလုံး ၂၀၊ ကြက်သွန်နီရှစ်ပိဿာနှင့် အသားတု နှစ်ပိဿာတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 3, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
ဦးအောင်မင်းဦးအား အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်
Posted on May 30, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆားဗီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်မင်းဦးအား အီသီယိုးပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပြီးဖြစ်သည်။