ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာတွင် ပျားအိမ်များ တိုးချဲ့ချထားရန် ပုဂ္ဂလိကပျားမွေးမြူသူများနှင့် တွေ့ဆုံဆွေးနွေး အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း

ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာတွင် ပျားအိမ်များ တိုးချဲ့ချထားရန် ပုဂ္ဂလိကပျားမွေးမြူသူများနှင့် တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / October 05, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၄

ဆီထွက်သီးနှံနေကြာတိုးချဲ့ စိုက်ပျိုးရာတွင်ပျားအိမ်များ တိုးချဲ့ချထားရန်နှင့် ပျားမွေးမြူမှုမြှင့်တင်ပြီး ပျားထွက်ပစ္စည်းမှ နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ပုဂ္ဂလိကပျားမွေးမြူသူများနှင့် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးပျော်ဘွယ်မြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးရုံး၌တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများမှ ပျားမွေးမြူသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စားသုံးဆီဖူလုံရေး နေကြာတိုးချဲ့စိုက်ပျိုးရေးနှင့်ဆက်စပ်ပြီး ပျားမွေးမြူမှုနှင့် ပျားရည်ထွက်ရှိမှု တိုးတက်လာသည့် အခြေအနေ၊ ဌာနနှင့် ပုဂ္ဂလိက ပျားအုံမွေးမြူထားရှိမှု၊ ပုဂ္ဂလိကပျားမွေးမြူမှု၊ ပုဂ္ဂလိကပျားရည်ထွက်ရှိမှု၊ ပျားရည်၊ ပျားဖယောင်း သန့်စင်အလုပ်ရုံမှ ပျားရည်ကုန်ကြမ်း သန့်စင်ပေးနိုင်မှု၊ ပြည်ပသို့ ပျားရည်တင်ပို့နိုင်မှုအလားအလာ၊ နိုင်ငံခြားငွေရရှိမှု၊ မျိုးကောင်းမျိုးသန့်ပျားဘုရင်မ ဖြန့်ဖြူး ရောင်းချပေးနိုင်မှု၊ ပြည်သူသို့ ပျားမွေးမြူခြင်းဆိုင်ရာ တိုးချဲ့ပညာပေးသင်တန်းများဖွင့်လှစ် နိုင်မှု၊ နေကြာစိုက်ခင်းများ၌ပျားဖြင့် ဝတ်မှုန်ကူးဝန်ဆောင်မှုပေးနိုင်ရန် နေကြာသီးနှံတစ်ဧကလျှင် ပျားအုံတစ်အုံနှုန်းချထားပေးနိုင်ရေးနှင့် ပြည်တွင်း၌ပျားစာ ပင်အမျိုးအစားအလိုက် စိုက်ပျိုး၍ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ပျားရောဂါကာကွယ်ထိန်းချုပ်မှု အစီအစဉ်များကိုဆွေးနွေးပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများ၊ ပျားမွေးမြူရေးတောင်သူများနှင့် လုပ်ငန်းရှင်များ၏ နေကြာစိုက်တောင်သူများအနေဖြင့် ပျားအုံများတိုးချဲ့မွေးမြူရန် လိုအပ်မှု အခြေအနေကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပျားရည်ထုတ်လုပ်မှုနှင့်သန့်စင်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

ယင်းနောက် မွေးမြူရေး သုတေသနစခန်းကိုလည်းကောင်း၊ အေးသာယာကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးလှစိန်၏ ဆိတ်နှင့် သိုးမွေးမြူထားရှိမှုကိုလည်းကောင်း၊ ညောင်ရွှေကျေးရွာအုပ်စု ကင်းတားကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးမြတ်စံ၏ ဇီဝကမွေးမြူရေးခြံတွင် နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်နေမှုနှင့် တိရစ္ဆာန်အစာထုတ်လုပ်နေမှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၉-၅-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း


Revenue Appellate Tribunal/ Naypyitaw / May 19, 2025
image_latest