ဆီးဂိမ်း လက်ဝှေ့ (Boxing) ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့အဖွဲ့ ကြေးလေးခု ရရှိထား
ဆီးဂိမ်း လက်ဝှေ့ (Boxing) ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့အဖွဲ့ ကြေးလေးခု ရရှိထား
Ministry of Information/ Naypyitaw / December 18, 2025
နေပြည်တော် ဒီဇင်ဘာ ၁၇
ဆီးဂိမ်း လက်ဝှေ့(Boxing)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဆက်လက်ကျင်းပရာ မြန်မာကစားသမားလေးဦး ဆီမီးဖိုင်နယ်တွင် အရေးနိမ့်ပြီး ပူးတွဲကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။
မြန်မာလက်ဝှေ့အဖွဲ့အတွက် ကြေးတံဆိပ်ဆုများကို အမျိုးသားပွဲစဉ်တွင် နုတ်မာန်၊ အမျိုးသမီးပွဲစဉ်တွင် ဆုမြတ်နိုး၊ မြမိုးသူနှင့် ကေသွယ်ငြိမ်းတို့က ရယူပေး ခဲ့ခြင်းဖြစ်သည်။ အမျိုးသား ၆၀ ကီလိုတန်းဆီမီးဖိုင်နယ်တွင် မြန်မာကစားသမား နုတ်မာန်က အင်ဒိုနီးရှားကစားသမား အူဒင်ဆာရီကိုလည်းကောင်း၊ အမျိုးသမီး ၆၆ ကီလိုတန်း တွင် မြန်မာကစားသမား ကေသွယ်ငြိမ်းက ထိုင်းကစားသမား ဆူဝါနာဖန်ကိုလည်းကောင်း၊ အမျိုးသမီး ၅၀ ကီလိုတန်းတွင် မြန်မာ ကစားသမား မြမိုးသူက ဖိလစ်ပိုင်ကစားသမား အီရာကိုလည်းကောင်း၊ အမျိုးသမီး ၅၇ ကီလိုတန်းတွင် မြန်မာကစားသမားဆုမြတ်နိုးက ဗီယက်နမ်ကစားသမား ငုယင်ဟူရန်ထရန်ကိုလည်းကောင်း အသီးသီး အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ဆီးဂိမ်းလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။
သတင်း-မောင်စံကြီး၊ ဓာတ်ပုံ-PPS
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Dec 17, 2025
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။
Posted on Dec 14, 2025
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Dec 18, 2025နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များ၊ ပွဲစဉ်များ နှင့် ဆုတံဆိပ်ရရှိမှု (၁၇/၁၈-၁၂-၂၀၂၅)
Posted on Dec 18, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Dec 5, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
