တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / April 12, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၉ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ပေါ်ဦးအောက်လမ်းရှိ ကုန်စုံဆိုင်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အင်ဂျင်ဝိုင်စက်ရုံမှ မြရည်ပုလဲလမ်းဘက်သို့ အေးရိပ်ငြိမ်ရပ်ကွက်နေ ဦးမြင့်လွင်(၄၉)နှစ် မောင်းနှင်ပြီး သားဖြစ်သူ ဖြိုးဝဏ္ဏလွင်(၁၄)နှစ် လိုက်ပါလာသည့် ဘေးတွဲဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ မျက်နှာချင်းဆိုင်ဘက်မှ ရွှေပြည်သာရပ်ကွက်နေ သက်နိုင်လင်း(၁၉)နှစ် မောင်းနှင်ပြီး အေးရိပ်ငြိမ်ရပ်ကွက်နေ ရှင်းလင်းထွန်း(၂၀)နှစ် လိုက်ပါလာသည့် ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးမြင့်လွင်၊ ဖြိုးဝဏ္ဏလွင်၊ သက်နိုင်လင်းနှင့် ရှင်းလင်းထွန်းတို့ လေးဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မြင့်လွင်နှင့် သက်နိုင်လင်းတို့ နှစ်ဦးအား ကော့သောင်းမြို့မရဲစခန်း ယာဉ်(ပ) ၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Posted on May 8, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on May 7, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...
Posted on May 7, 2026ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
