တာချီလိတ်မြို့၌ ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
တာချီလိတ်မြို့၌ ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
Ministry of Information/ Naypyitaw / March 22, 2026
နေပြည်တော် မတ် ၂၁
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ပိတောက်လမ်းမြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ်မော်တော်ယာဉ် သုံးစီးရပ်တန့်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေရာ Toyota Fortuners အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်မော်တော် ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ်အလုံး ၃၀ (ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ် ဆေးပြားသိန်း ၆၀ ပြား၊ Toyota Hilux Single Cub အမျိုးအစား (လိုင်းစင်မဲ့) ခဲရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၇ လုံး (ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ် ဆေးပြား ၇၄ သိန်းပြားနှင့် Ford အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၂၂ လုံး (ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ်ဆေးပြား ၄၄ သိန်းပြား၊ စုစုပေါင်း WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၈ သိန်းပြား (ခန့်မှန်းငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။
အဆိုပါသိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မော်တော်ယာဉ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားခံများအား ဖမ်းဆီးရမိရေးပူးပေါင်းအဖွဲ့ဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်...
Posted on Jan 28, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
