ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / November 07, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် ရန်ကုန်တို့တွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ : ၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်း ဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိကျမှန်ကန်သည့် စာရင်းဆိုင်ရာအချက်အလက်များ ပြုစုရေးသွင်းသူ စာရင်းကျွမ်းကျင်သူများသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် နိုင်ငံတော်အတွက်လိုအပ်သော စာရင်းကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များကို လုံလောက်စွာ မွေးထုတ်ပေးနိုင်ရန် အတွက် ယခုကဲ့သို့ သင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းမှ စာရင်းပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုမည့်သူများအတွက် အခြေခံကောင်းများလည်း ရရှိစေ မည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ယူလေ့လာမှုတွင် ရည်မှန်းချက် မြင့်မားစွာထားရှိပြီး လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်သည်အထိ နားလည် တတ်မြောက်စေရေး အလေးအနက်ထား လေ့လာသင်ယူကြရန်၊ ဝေဖန်ပိုင်းခြားသုံးသပ်နိုင် သည်အထိဖြစ်စေရေး ဆက်လက်ဆည်းပူးကြရန်၊ ကျင့်ဝတ်ဆိုင်ရာများသိရှိလိုက်နာကြရန် နှင့် အနာဂတ်တွင် နိုင်ငံတော်အတွက် အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နိုင်သည့် စာရင်းကျွမ်းကျင်သူများ ဖြစ်စေရေး ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ ရန်ကုန်သင်တန်း ကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းသား (၇၈) ဦးနှင့် ရန်ကုန်သင်တန်းကျောင်းတွင် သင်တန်းသား (၇၆) ဦး၊ စုစုပေါင်းသင်တန်းသား (၁၅၄) ဦး တို့ကို ဘာသာရပ် ၆ ခုဖြင့် (၁၀) လကြာ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြာသွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဉက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဉက္ကဋ္ဌ (၂) ဉီးဝမ်းတင် နှင့်ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း အမှုဆောင်များ၊ စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ ကြီးကြပ်ရေး ကော်မတီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ မှတာဝန်ရှိသူများ၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Dec 05, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025
AnnouncementsExplore more >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

HOT NEWS
January 4,