ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ပြီး ပြန်လည်ရောက်ရှိ

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့တက်ရောက်ပြီး ပြန်လည်ရောက်ရှိ


Ministry of Information/ Naypyitaw / September 10, 2024
image_latest


နေပြည်တော် စက်တင်ဘာလ ၁၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ညနေပိုင်းတွင် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။

ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်သက်သက်ခိုင်မှ Russia- ASEAN Business Dialogue အစီအစဉ်တွင်ပါရှိသည့် New contours of International cooperation ခေါင်းစဉ်အားလည်းကောင်း၊ ယင်းနေ့ညနေပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ Cooperation In Greater Eurasia အစီအစဉ်တွင် Experience of Developing Production Chains in The EAEU, SCO And BRICS ခေါင်းစဉ်အားလည်းကောင်း Panelist များအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့ရာ ဒုတိယဝန်ကြီးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဆွေးနွေးပွဲများသို့တက်ရောက်ကြသည်။

ဖိုရမ်ကာလအတွင်း သီးခြားတွေ့ဆုံမှုများအနေဖြင့် စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် Rosatom Renewable Energy Joint-Stock Company General Director Mr. Grigory Nazarov ဦးဆောင်သောအဖွဲ့တို့တွေ့ဆုံပြီး မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အလားတူ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဒုတိယဝန်ကြီး Mr.Alexsei Gruzdev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံပြီး အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်နိုင်ရေးကိစ္စရပ်များ၊ ဆေးဝါးထုတ်လုပ်ရေးနှင့် အခြားစက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၅ ရက်နေ့တွင် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်၏ ပင်မအခမ်းအနားဖြစ်သည့် မျက်နှာစုံညီအစည်းအဝေး (Main Forum- Plenary Session) သို့ ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတမစ္စတာဗလာဒီမာပူတင်မှ မိန့်ခွန်းပြောကြားခဲ့ပြီး၊ နိုင်ငံတကာစီးပွားရေးဖိုရမ်၏ ပင်မဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးသည်။ တရုတ်နိုင်ငံဒုတိယသမ္မတ Mr. Han Zheng နှင့် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Anwar Ibrahim တို့မှ ဆွေးနွေးဘက်များအဖြစ် ပါဝင်ဆွေးနွေးသည်။ သမ္မတပူတင်အနေဖြင့် ဒေသတွင်းစွမ်းအင်နှင့် ပို့ဆောင်ရေးအခြေခံအဆောက်အဦကဏ္ဍများကိုမြှင့်တင်ရန် အရေးကြီးကြောင်း၊ စက်မှုကဏ္ဍနှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရန်အတွက် လျှပ်စစ်ဓာတ်အားပံ့ပိုးမှုကို ပိုမိုဆောင်ရွက်ရန်လိုအပ်ကြောင်း Trans-Siberian Railway & the Baikal-Amur Mainline ကဲ့သို့သော ပို့ဆောင်ရေးလမ်းကြောင်းများကို အဆင့်မြှင့်တင်ရန်လိုအပ်ကြောင်း၊ အနာဂတ်တွင် အာရှနှင့်ဥရောပတို့အကြား သင်္ဘောပတ်လမ်းကြောင်းအဖြစ် မြောက်ဖက်ပင်လယ် ရေလမ်းကြောင်းမှာများစွာ အရေးကြီးလာမည်ဟု ရှုမြင်ထားကြောင်းနှင့် အဆိုပါစီမံကိန်းများအနေဖြင့် အာရှဒေသနှင့် ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု လမ်းကြောင်း (Logistics Corridors) များ ပိုမိုချိတ်ဆက်နိုင်ပြီး တိုးတက်ကောင်းမွန်လာစေမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံအရှေ့ဖျားဒေသ၏ ဖက်ဒရယ်စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာသိပ္ပံစင်တာလက်အောက်ရှိ ပရီမော့စကီးစိုက်ပျိုးရေးသုတေသနသိပ္ပံသို့ သွားရောက်လေ့လာခဲ့ရာ ဇီဝနည်းပညာသိပ္ပံစင်တာ၏ ဒါရိုက်တာဖြစ်သူ Mr. Aleksei Nikolaevich မှ ကြိုဆိုနှုတ်ခွန်းဆက်ပြီး သုတေသနသိပ္ပံဖြစ်ပေါ်လာသည့်သမိုင်းကြောင်း၊ သီးနှံများနှင့်သက်ဆိုင်သောသုတေသနများအပြင် မြေဆီလွှာဆိုင်ရာ သုတေသန၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းနှင့်သက်ဆိုင်သော သုတေသန၊ ရာသီဥတုဒဏ် ခံနိုင်ရည်ရှိသော သီးနှံမျိုးများ ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သော မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသနများ ဆောင်ရွက်နေသည့်အခြေအနေများ၊ အာလူး၊ စပါး၊ ဂျုံ၊ ပဲပုတ်၊ အစေ့ထုတ်ပြောင်း စသည့်သီးနှံများ၏ အရည်အသွေးကောင်း မျိုးစေ့များထုတ်လုပ်ခြင်းကို ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သုတေသနစိုက်ခင်းများသို့ လိုက်လံပြသရာတွင် ရုရှားနိုင်ငံအရှေ့ဖျားဒေသ၌ စိုက်ပျိုးနိုင်သည့်စပါးမျိုးများနှင့် အခြားသီးနှံများ သုတေသနပြုစမ်းသပ်စိုက်ပျိုးထားမှု အခြေအနေကို လိုက်လံရှင်းလင်းပြသသည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး Mr. Is- Kander Azizov နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026
AnnouncementsExplore more >

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...

Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်