ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံသို့ တက်ရောက်ဆွေးနွေး

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံသို့ တက်ရောက်ဆွေးနွေး


Ministry of Information/ Naypyitaw / June 15, 2025
image_latest


နေပြည်တော် ဇွန် ၁၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ ဇီဝလုံခြုံမှုညီလာခံအကြီးအကဲတို့၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံဆိုချီမြို့၌ ရောက်ရှိနေသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက ဆိုချီမြို့ နိုဗိုတယ်ဟိုတယ်၌ကျင်းပသည့် ညီလာခံ၏ အစီအစဉ်များသို့ အခြားသောနိုင်ငံ များမှ BWC ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြသည်။

Mayakovsky ခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲ Session No. 1 တွင် မော်စကိုအခြေစိုက် အဖွဲ့အစည်းဖြစ်သော ဥပဒေစည်းကမ်းနှင့် ကျင့်ဝတ်သိက္ခာဆိုင်ရာစနစ်များ (Compliance and Integrity Systems-CIS)၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာအထွေထွေပြဿနာများဌာန (Department of Humanitarian Cooperation, General Political and Social Problems)၏ အကြံပေးပုဂ္ဂိုလ် Ms. Elena Shamal က ဆွေးနွေးပွဲ ညှိနှိုင်းကွပ်ကဲသူအဖြစ် ဆောင်ရွက်ကာ ရုရှားဦးဆောင်သော စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့အစည်း (Collective Security Treaty Organization-CSTO)၊ မော်စကို အခြေစိုက်လိုက်နာမှုနှင့် ကျင့်ဝတ်သိက္ခာပြည့်ဝမှု စနစ်များ (Compliance and Integrity Systems-CIS)အဖွဲ့၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (The Shanghai Cooperation Organization-SCO)၊ အာဆီယံ (ASEAN)နှင့် အာဖရိကသမဂ္ဂ (African Union)တို့၏ ဇီဝလုံခြုံမှု လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မှုများခေါင်းစဉ်ဖြင့် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဇီဝလုံခြုံမှုဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။

ညပိုင်းတွင် ဒုတိယဝန်ကြီးသည် အဆိုပါဟိုတယ်ညီလာခံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.Mr. Sergey Ryabkov က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 15, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Posted on Jun 14, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Posted on Jun 13, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 11, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Posted on Jun 14, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

တင်ဒါအောင်မြင်ကြောင်းကြေညာခြင်း

Posted on Jun 13, 2025

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊  သာမန်အသုံး စရိတ်ဖြင့် စက္ကူနှင့်ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီမှ (၁၁-၆-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီ၏  ဆုံးဖြတ်ချက်အရ ကြေညာအပ်ပါသည် -

HOT NEWS
January 4,