ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေး

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / December 11, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၀

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများက Online ဖြင့် တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက သိပ္ပံပွဲတော် (Science Festival) ကျင်းပရေး၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ သုတေသနညီလာခံကျင်းပရေး၊ တက္ကသိုလ်ဝင်စာမေးပွဲမအောင်မြင်သူများအတွက် အလုပ်အကိုင်ရရှိရေး အထောက်အကူပြုအတတ်ပညာကျွမ်းကျင်မှု (Skilled Labour) သင်တန်းများ ဖွင့်လှစ်ရေး၊ မူလတန်းပြဆရာ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်မှု သင်တန်းဖွင့်လှစ်ရေး၊ အရည်အသွေးအာမခံမှု (QA) စနစ် အကောင်အထည်ဖော်ရေး၊ သင်ကြားသင်ယူမှုတွင် ဉာဏ်ရည်တုနည်းပညာအသုံးပြုရေး၊ တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ ကျောင်းတက်နှုန်းမြင့်မားရေးနှင့် အေးချမ်းစွာပညာသင်ကြားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးရာ ပါမောက္ခချုပ်များ၊ ပါမောက္ခများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Posted on Jan 12, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 11, 2026