ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် နေပြည်တော်စုရပ် ဗဟိုစခန်း(ရွာတော်)သို့ ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန်များအား ရင်းရင်းနှီးနှီးကြိုဆို
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် နေပြည်တော်စုရပ် ဗဟိုစခန်း(ရွာတော်)သို့ ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူရည်ချွန်များအား ရင်းရင်းနှီးနှီးကြိုဆို
Ministry of Information/ Naypyitaw / May 03, 2026
နေပြည်တော် မေ ၂
ပြင်ဦးလွင်၊ အင်းလေး၊ နေပြည်တော်၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၉၆ ဦး၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၂ ဦး၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူ ၁၃၃ ဦး၊ ဒွါဒသမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၉၉ ဦး၊ တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူ ၂၉၁ ဦး စုစုပေါင်း လူရည်ချွန်ကျောင်းသား ကျောင်း သူ ၇၅၁ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၁၀၂ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)သို့ ရောက်ရှိကြသည်။
ထိုသို့ရောက်ရှိစဉ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ နေပြည်တော်ကောင်စီပညာရေးမှူး၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သပြေပန်းနှင့် စံပယ်ပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြ ပြီး အိုးစည်ဒိုးပတ်အကများဖြင့် ကြိုဆိုကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း၊ လူရည်ချွန်များကို ဧည့်ခံကျွေးမွေးမည့် စားရိပ်သာဆောင်များနှင့် အိပ်ဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ဆရာ ဆရာမများသည် နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)၌ တည်းခိုကြပြီး ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။
လူရည်ချွန် အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နဝမ တန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ပြင်ဦးလွင် လူရည်ချွန်စခန်း၊ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် အင်းလေးလူရည်ချွန်စခန်း၊ ဧကာဒသမတန်း လူရည်ချွန်ကျောင်းသာ ကျောင်းသူများသည် ငွေဆောင်လူရည်ချွန်စခန်း၊ ဒွါဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် နေပြည်တော် လူရည်ချွန်စခန်း၊ ပထမနှစ်နှင့် ဒုတိယနှစ်လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ချောင်းသာလူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက် ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
