ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်များနှင့်တွေ့ဆုံပြီး တက္ကသိုလ်များ ပုံနှိပ်တိုက်ကို ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်များနှင့်တွေ့ဆုံပြီး တက္ကသိုလ်များ ပုံနှိပ်တိုက်ကို ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 09, 2026
နေပြည်တော် မေ ၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ အစည်းအဝေးခန်း၌ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရက်(၁၀၀) စီမံကိန်းအကောင်အထည်ဖော်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု စင်တာထူထောင်ရေး၊ သုတေသနစာတမ်းဖတ်ကြားရေး၊ သုတေသနအခြေပြု သင်ကြားသင်ယူမှု စနစ်မြှင့်တင်ရေး၊ တက္ကသိုလ်ပရဝဏ်သန့်ရှင်းသာယာရေး ကိစ္စရပ်များကိုဆွေးနွေးပြီး ပါမောက္ခများ၏ တင်ပြအကြံပြုဆွေးနွေးချက်များအပေါ် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တက္ကသိုလ်များ ပုံနှိပ်တိုက်သို့ရောက်ရှိကာ တက္ကသိုလ်သုတေသနဂျာနယ်များ ပုံနှိပ်၊ ချုပ်လုပ်နေမှုအဆင့်ဆင့်ကို ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
ဝင်ငွေခွန်ကြေညာလွှာ/ လစာနှစ်ချုပ်စာရင်း/ နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ တင်သွင်းရန် နှိုးဆော်ခြင်း
Posted on May 8, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
Posted on May 7, 2026အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း
ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...
Posted on May 7, 2026ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)
