ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 20, 2025
နေပြည်တော် မတ် ၁၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) သို့ရောက်ရှိပြီး ပြတိုက်၌ ခင်းကျင်းပြသထားသော မြန်မာ့သမိုင်းကြောင်းပြခန်း၊ သဘာဝပေါက်ပင်နှင့် ဒေသတွင်း ကျေးငှက်တိရစ္ဆာန်ပြခန်း၊ မွန်ရိုးရာ ဓလေ့ထုံးစံများပြခန်း၊ လက်မှုအနုပညာလုပ်ငန်းများပြခန်း၊ မွန်စာပေပြခန်း၊ မွန်တူရိယာများပြခန်း၊ ဒေသတွင်း ထူးခြားထင်ရှားသူများပြခန်း စသည့်ပြခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြတိုက်တာဝန်ခံက ပြတိုက်အတွင်း ခင်းကျင်းထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အများပြည်သူ ပိုမိုစိတ်ဝင်စားရန်အတွက် ခေတ်မီနည်းစနစ်များကိုအသုံးပြု၍ ခင်းကျင်းထားရှိရေး၊ ပြတိုက်သို့လာရောက်ကြည့်ရှုသော ပြည်သူလူထုနှင့် ကျောင်းသား ကျောင်းသူများ ဗဟုသုတပိုမိုရရှိအောင် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်သွားရေးအတွက် လိုအပ်သည်များကို မှာကြားကာ ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
Posted on Jan 15, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 14, 2026
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
Posted on Jan 12, 2026
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Posted on Jan 16, 2026ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Myanmar National Human Rights Commission Press Statement
Posted on Jan 15, 2026မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်
Posted on Jan 15, 2026
