ဒုတိယဝန်ကြီး ဦးထိန်လင်း စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
ဒုတိယဝန်ကြီး ဦးထိန်လင်း စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များအား ကြည့်ရှုစစ်ဆေး ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
Ministry of Information/ Naypyitaw / June 02, 2025
ရန်ကုန် ဇွန် ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ မေ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ Synthetic ပြေးလမ်းပါ ဘောလုံးလေ့ကျင့်ရေးကွင်း (၁) ၌ ပြေးခုန်ပစ်ပြေးလမ်းပြင်ဆင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေး၍ ISPE FC ဘောလုံးအသင်းနှင့် Dagon Port FC ဘောလုံးအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကစားနေမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝူရှူးအားကစားလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ဝူရှူးအားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှု၊ ခြင်းလုံးလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှု၊ ကရာတေးလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင်ကရာတေးအားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ/နည်းပြများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (သုဝဏ္ဏ) ရှိ ပိုက်ကျော်ခြင်းအားကစားရုံ၌ ပဏာမလက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှု၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ပဏာမလက်ရွေးစင်ဘိလိယက်နှင့် စနူကာအားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး ကျိုက္ကဆံကွင်းအတွင်းရှိ ပဏာမလက်ရွေးစင်အားကစားသမားများ ထားရှိရာ လေးထပ်အိပ်ဆောင်ရှိ စားရိပ်သာ၌ ပဏာမလက်ရွေးစင်အားကစားသမားများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာအတူတကွ သုံးဆောင်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လှေလှော် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဗိုလ်လုပွဲစဉ်များအဖြစ် မီတာ ၂၀၀ ပြိုင်ပွဲတွင် အမျိုးသား ၁၀ တက်လှေ ပြိုင်ပွဲ၊ အမျိုးသမီး ၁၀ တက်လှေ ပြိုင်ပွဲ၊ အမျိုးသမီး+အမျိုးသား ၁၀ တက်လှေပြိုင်ပွဲ၊ အမျိုးသမီး+ အမျိုးသား တက် ၂၀ လှေပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး မီတာ ၅၀၀ ၁၀ တက်လှော်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၅၀၀ ၁၀ တက်လှော်ပြိုင်ပွဲ၊ အမျိုးသမီး+ အမျိုးသား မီတာ ၅၀၀ ၁၀ တက်လှော်ပြိုင်ပွဲ၊ အမျိုးသမီး+ အမျိုးသား မီတာ ၅၀၀ တက် ၂၀ လှော်ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ ၁၀ တက်လှော်ပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ (၁၀) တက်လှော်ပြိုင်ပွဲ၊ အမျိုး သမီး+ အမျိုးသား မီတာ ၂၀၀ ၁၀ တက်လှော်ပြိုင်ပွဲ၊ အမျိုး သမီး+အမျိုးသား မီတာ ၂၀၀ တက် ၂၀ လှော်ပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသောအသင်းများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးထိန်လင်းက အမျိုးသမီးတံခွန်စိုက်ဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အသင်းအား တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းက အမျိုးသားတံခွန်စိုက်ဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီး အသင်းအား တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက စုပေါင်းတံခွန်စိုက်ဆု ရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Posted on Jun 3, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
ဦးအောင်မင်းဦးအား အီသီယိုးပီးယားဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်
Posted on May 30, 2025ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆားဗီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်မင်းဦးအား အီသီယိုးပီးယားဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပြီးဖြစ်သည်။