ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / August 05, 2024
image_latest


နေပြည်တော် ဩဂုတ် ၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက် ၈ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နေထိုင်မှုနှင့် ဝန်ထမ်းအိမ်ရာသတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်မှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာ၊ စံပယ်အိမ်ရာ၊ ဘောဂသိဒ္ဓိရပ်ကွက်ရှိ လူပျိုဆောင်၊ အပျိုဆောင်နှင့် ဓနသိဒ္ဓိရပ်ကွက်ရှိ အရာထမ်းအိမ်ရာနှင့် အမှုထမ်းအိမ်ရာများ၏ သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အလားတူ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် မွန်းလွဲ ၁ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပညာသိဒ္ဓိရပ်ကွက်နှင့် ဘောဂသိဒ္ဓိရပ်ကွက်တို့ရှိ ဝန်ကြီးဌာနဝန်ထမ်းအိမ်ရာများနှင့် လူပျိုဆောင်၊ အပျိုဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။

ဦးစွာ ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသော အရာထမ်း၊ အမှုထမ်းမိသားစုများနှင့် လူပျိုဆောင်၊ အပျိုဆောင်တို့တွင် နေထိုင်ကြသော ဝန်ထမ်းများအနေဖြင့် မိမိတို့ နေထိုင်သည့် တိုက်နှင့် အဆောင်ပတ်ဝန်းကျင်သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ကြရန်၊ မိုးတွင်းကာလဖြစ်၍ ဝန်ထမ်းအိမ်ရာ တိုက်ပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်း ခြင်၊ ယင်များ ပေါက်ပွားနိုင်ပြီး ကျန်းမာရေး ထိခိုက်နိုင်သဖြင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေဘဲ ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်ရန်၊ ပတ်ဝန်းကျင် မြက်၊ ချုံနွယ်၊ ပေါင်းပင်များ ရှင်းလင်းဆောင်ရွက်ရန်၊ သစ်ပင်များ အလင်းဖွင့်ရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ရန် သက်ဆိုင်ရာ တိုက်တာဝန်ခံနှင့် အဆောင်တာဝန်ခံများအား မှာကြားသည်။

ထို့နောက် ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ၌ ပတ်ဝန်းကျင်သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပမှု၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်မှုရှိ/ မရှိ၊ သစ်ပင်များ အလင်းဖွင့်ဆောင်ရွက်မှု၊ မြက်ချုံများ ရှင်းလင်းမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Posted on May 23, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on May 22, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on May 20, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။


Posted on May 19, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။


Posted on May 18, 2025
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

Posted on May 23, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၇/၂၀၂၅)

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on May 14, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

HOT NEWS
January 4,