ဒုတိယသမ္မတ ဦးညိုစော (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည်အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

ဒုတိယသမ္မတ ဦးညိုစော (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည်အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း


Ministry of Information/ Naypyitaw / May 29, 2026
image_latest


နေပြည်တော် မေ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်အပါး (၁၀၀) တို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ပုစ္ဆကအကူဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်များ၊ (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အာဂုံသဘော ရေးဖြေအောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာသက်ခိုင်ဝင်း၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ၎င်းတို့၏ ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ မဟာထေရ် မြတ်ကြီးထံမှ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့၊ မင်းကျောင်းပထမပြန် စာသင်တိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက သာရဏီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။

ယင်းနောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် တိပိဋကမဟာဂန္တဝင်နိကာယ်ကျောင်းတိုက်မှ အရှင်ဝိစိတ္တသာရနှင့် မူလအာဘိဓမ္မိက ဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိပိဋက နိကာယကျောင်းတိုက်မှ အရှင်ဂန္ဓမာတို့အား ဒုတိယသမ္မတ ဦးညိုစောက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မူလအာဘိဓမ္မိက ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၂ ပါး၊ ဒီဃနိကာယကောဝိဒဘွဲ့ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၃ ပါး၊ ဒီဃဘာဏကဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁ ပါး၊ ဝိနယကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၇ ပါး၊ ဝိနယဓရ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၂၈ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်မြတ် ၁၁ ပါး၊ ဥဘတောဝိဘင်္ဂဓရဘွဲ့ တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်မြတ် ၄၆ ပါးတို့အား ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ဒုတိယသမ္မတနှင့်ဇနီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့်ဇနီး၊ ဧည့်ပရိတ်သတ်များနှင့် အလှူရှင်များက တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည်အရှင်သူမြတ်တို့အား ဓမ္မပူဇာအဖြစ် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ကြပြီး လိုဏ်ဂူတော်ပရိဝုဏ်အတွင်း ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ထားသည့် ပထမသင်္ဂါယနာတင်မှ ဆဋ္ဌသင်္ဂါယနာတင် အကြောင်းအရာများနှင့် ယနေ့ခေတ်သာသနာရေးဆိုင်ရာဆောင်ရွက်ချက် ပြကွက်များကို လှည့်လည်ကြည့်ရှုကြသည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ဗုဒ္ဓသာသနာတော်၌ ဘုန်းကံပါရမီအထူး ဉာဏ်ပညာအထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကိုဖော်ထုတ်ရေး၊ ပရိယတ္တိသာသနာတော်ကို အားပေးချီးမြှောက်ရာတွင် အထက်တန်းအကျဆုံး ချီးမြှောက်ရေးနှင့် သာသနာတော်၌ ဓမ္မစေတီထိုက်သော ပိဋကသုံးပုံနှုတ်ငုံဆောင်ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ်ပူဇော်ရေးတို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ စာမေးပွဲကြီး စတင်ကျင်းပသည့် (၁၃၁၀ ပြည့်နှစ်) ၁၉၄၈ ခုနှစ်မှစ၍ ၂၀၂၆ ခုနှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ်များ ထူးခြားစွာပေါ်ထွန်းခဲ့ရာ ယခု (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ပေါ်ထွန်းလာသည့် အရှင်ဝိစိတ္တသာရ အရှင်သူမြတ်မှာ ၁၈ ပါးမြောက် သာသနာ့အာဇာနည်ဖြစ်ကြောင်းနှင့် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်အရှင်သူမြတ်များ ဆက်လက်ပေါ်ထွန်းလာဦးမည်ဖြစ်ကြောင်း သိရသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026
AnnouncementsExplore more >

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

Posted on May 29, 2026

ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

Posted on May 27, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ