ဒုတိယသမ္မတ ဦးညိုစော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးညိုစော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


Ministry of Information/ Naypyitaw / May 25, 2026
image_latest


နေပြည်တော် မေ ၂၅

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယသမ္မတ ဦးညိုစောက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အဓိကတာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားကော်မတီအနေဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့် ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်ပြီးစီးမှုနှင့် ကြုံတွေ့လာနိုင်ခြေရှိသည့် သဘာဝဘေးများအတွက် ဝန်ကြီးဌာနများနှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်ထားသည့် ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု၊ ဘေးအန္တရာယ်ဖြစ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး အဆင်သင့်ဖြစ်အောင်စီမံထားရှိမှုများကို သိရှိရန်နှင့် ပေါင်းစပ်ညှိနှိုင်းဆောက်ရွက်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း။

ယခုကာလသည် မုတ်သုံကာလကို ရောက်ရှိလာပြီဖြစ်သည့်အတွက် မုတ်သုံကာလအတွင်း ဖြစ်ပေါ်လေ့ရှိသည့်မုန်တိုင်း၊ မြစ်ရေကြီးခြင်းအပါအဝင် နောက်ဆက်တွဲဘေးအန္တရာယ်များကို ဒေသအလိုက်သတိပြု၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မိုးလေဝသဆိုင်ရာခန့်မှန်းချက်၊ ကြိုတင်သတိပေးချက်များကို မျက်ခြေမပြတ် ဂရုတစိုက်သိရှိစေရန်လည်း လိုအပ်ကြောင်း၊ ယခုကာလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသအချို့တွင် အပူချိန်များလာပြီး အယ်နီညိုဖြစ်နိုင်ခြေကိုလည်း တွေ့ရှိရကြောင်း၊ တစ်ဖက်တွင်လည်း ငလျင်ဘေးအန္တရာယ်ကို အထူးသတိပြုရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းများကို စနစ်တကျစီမံဆောင်ရွက်ထားခြင်းအားဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အတိုင်းအတာတစ်ခုထိ လျော့နည်းစေနိုင်ရုံမျှမက တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည့်စရိတ်များကိုလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပိုမိုအသုံးပြုနိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအတွက် ဝန်ကြီးဌာနများအလိုက်၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်မှုများကဏ္ဍအလိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်ပွားလာနိုင်သည့်ဘေးအန္တရာယ်နှင့်ပတ်သက်ပြီး လူ/တိရစ္ဆာန် ပြောင်းရွှေ့ရေး၊ ယာယီနေရာချထားရေး၊ အရေးပေါ်ကယ်ဆယ်ထောက်ပံ့ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအပါအဝင် ထိခိုက်နိုင်သည့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအတွက် ပြန်လည်ကုစားမည့်အစီအမံများနှင့် ဒေသအလိုက်တည်ရှိနေသည့် ဆည်မြောင်းတာတမံများကြံ့ခိုင်မှုထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ လုပ်ငန်းလည်ပတ်မှုမပြတ်တောက်စေရန် အစီအမံများကို ကဏ္ဍစုံတွင်ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် ဒေါက်တာစိုးဝင်းတို့က သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါ အချိန်မီတုံ့ပြန်နိုင်ရေးအတွက် လူမှုကယ်ဆယ်ရှာဖွေရေးအဖွဲ့များ၊ ဘေးဒဏ်ခံခိုလှုံရေးအဆောက်အဦနှင့် ကယ်ဆယ်ရေးစခန်းများ ကြိုတင်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကူညီကယ်ဆယ်ရေးနှင့် သဘာဝဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရန်ပုံငွေလျာထားဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကဏ္ဍများအလိုက် ထိခိုက်ဆုံးရှံးမှုလျော့နည်းစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအလွန်ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026
AnnouncementsExplore more >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ