ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်) ၏ နှစ်သစ်မင်္ဂလာဆုတောင်းလွှာ

ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်) ၏ နှစ်သစ်မင်္ဂလာဆုတောင်းလွှာ


Ministry of Information/ Naypyitaw / April 17, 2024
image_latest


မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။

ကိုယ်စီကိုယ်င ကိုယ့်ဒေသ ပျော်ကြ၊ စံကြ၊ သတ္တဝါဟူသမျှတို့သည် အိပ်မက်၊ ရာမက်ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။

မင်္ဂလာကျက်သရေ ခက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍ ကောင်းစွာမိုးသောက် အလင်းရောက်၍ ထမြောက်နိုးကြားနိုင်ကြပါစေကုန်သတည်း။

 မကောင်းဟူသမျှ ဒုစရိုက်မျိုးကို သူတော်လက်နှင့် တရားစက်၍ ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။

ကောင်းရာသိ သုံးဖြာဆယ်လီပါရမီအပေါင်း အကျင့်ကောင်းကို တစ်ဆင့်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။

၁၃၈၅ ခုနှစ်ကနေ ၁၃၈၆ ခုနှစ် နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးပြောင်းတဲ့ အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ခုနစ်ရက်သားသမီးတွေ ကောင်းစွာအိပ်စက်နိုင်ကြပါစေ၊ ကောင်းစွာနိုးကြားနိုင်ကြပါစေ၊ ကောင်းသောအိပ်မက်တွေ မြင်မက်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သပါတယ်။

မကောင်းတာတွေဖျောက်ပြီး ကောင်းတာတွေ ရောက်စေချင်ပါတယ်။ ပုထုဇဉ်တွေရဲ့စိတ်ဆိုတာ မကောင်းတာကို အမြဲတမ်းကြံစည်တဲ့သဘောရှိတယ်။ လူတိုင်းလူတိုင်းမှာ မကောင်းတဲ့စိတ်တွေ၊ မကောင်းတဲ့အကြံအစည်တွေ ဖြစ်တတ်သလို ကောင်းတဲ့စိတ်တွေ ကောင်းတဲ့အကြံအစည်တွေ လည်းဖြစ်တယ်။ မကောင်းတဲ့ကာယကံတွေရှိသလို ကောင်းတဲ့ကာယကံတွေလည်းရှိတယ်။ မကောင်းတဲ့ ဝစီကံတွေရှိသလို ကောင်းတဲ့ဝစီကံတွေလည်းရှိတယ်။ ပုထုဇဉ်ဆိုတာ မိမိရဲ့စိတ်က မကောင်းမှုတွေ ကြံမယ်၊ ပြောမယ်၊ လုပ်မယ်ဆိုရင် မကောင်းတဲ့အကျိုးတရားတွေက သေချာပေါက်ပေးတယ်။ နှစ်ဟောင်းကနေ မကောင်းတဲ့ဝစီကံတွေ၊ မနောကံတွေ၊ ကာယကံတွေကို နှစ်သစ်ကိုမပါစေဘဲနဲ့ သူတော်လက်နဲ့ တရားစက်၍ ဖြိုဖျက်နိုင်ကြပါစေ၊ မကောင်းတဲ့မနောကံ၊ ကာယကံ၊ ဝစီကံတွေ မကောင်းကျိုးတွေပေးရင် ဒုက္ခရောက်ကြမယ်။ ဆင်းရဲကြမယ်။ အပါယ်ဒုက္ခတိလည်း ရောက်ကြမယ်။ သူတော်ကောင်းတရားဆိုတာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဆိုတဲ့ သူတော်ကောင်းတရား ခုနစ်ပါးကို မြတ်စွာဘုရားဟောထားတယ်။

သဒ္ဓါရတနာသုံးပါးကို ယုံကြည်ရမယ်။ ဘုရား၊ တရား၊ သံဃာကိုယုံမယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ မကောင်းတာတွေမဖြစ်ချင်နဲ့။ မကောင်းတာတွေလုပ်နေရင် မကောင်းကျိုးတွေ ရမှာပါပဲ။ မကောင်းတာတွေကို မပြောမိအောင် ရှောင်ကြဉ်နိုင်ကြပါစေ၊ မကောင်းတာတွေကြံရင် မကောင်းတဲ့အကျိုး တရားပေးမှာပဲ။ ဆင်းရဲခြင်း ကိုပေးမယ်၊ မဆင်းရဲစေချင်ရင် မကောင်းတာတွေ မကြံစည်ဘဲနဲ့ အမြဲတမ်း မိုးလင်းမိုးချုပ် တစ်နေ့တာ ကောင်းတဲ့စိတ်တွေ ကောင်းတဲ့နှလုံးသားလေးနဲ့ ကြံစည်ခြင်းအားဖြင့် ကောင်းကျိုးတွေ ရကြပါစေ ဆုတောင်းမေတ္တာပို့ပါတယ်။ ကောင်းတာတွေလုပ်ပါ၊ ကောင်းတာတွေးကြပါ၊ ကောင်းတာပြောကြပါ၊ ကြိုးကြိုးစားစားနဲ့ ကုသိုလ်တရားတွေ ဆောင်ရွက်ကြပါ။

ဒုစရိုက်တရားဆယ်ပါးကို မိမိတို့မလွန်ကြူး အောင်ရှောင်။ ပြီးတော့ သူတော်ကောင်းတရား ခုနစ်ပါး၊ ကြိုးစားလုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် မိမိတို့က ကောင်းကျိုးချမ်းသာကိုရမယ်။

ကောင်းကျိုးသီလတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ၊ စောင့်ရှောက်ခြင်းဖြင့် အကျိုးတရားတွေရပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

လောကီလောကုတ္တရာ ဗဟုသုတတွေ တိုးပွားကြပါစေ၊ နှစ်ဟောင်းကနေ နှစ်သစ်ကူးတဲ့အချိန်မှာ တိုင်းသူပြည်သား ကမ္ဘာသူကမ္ဘာသားတွေကို မေတ္တာပို့ပါတယ်။ အပါယ်လေးဘုံကိုရောက်စေမယ့် အကြောင်းတရားတွေ ဆောင်ရွက်ရမှာတွေကို ရှက်ကြပါ။ ကောင်းတာတွေလုပ်ရင် ကောင်းတာတွေ ဖြစ်တယ်ဆိုတဲ့ ကံရဲ့အကျိုးပေးအနေအထားအတိုင်း သံသရာမှာ အထက်တန်းကျကျ မျက်နှာပန်းလှလှ ဖြစ်ကြစေမယ့် သီလတရားတွေ ကြိုးစားပြီး ဆောက်တည်ကြပါ၊ ဘာဝနာတရားတွေ ကြိုးစားပြီး ပွားများကြပါ။ ဒါမှကောင်းတဲ့အကျိုးတရားတွေရကြမှာ အမှန်ဖြစ်ပါတယ်။ တိုင်းသူ ပြည်သား ကမ္ဘာသူ ကမ္ဘာသားတို့က ၁၃၈၅ ခုနှစ် ကနေ ၁၃၈၆ ခုနှစ် နှစ်သစ်ကူးတဲ့အခါသမယမှာ မကောင်းတာတွေ ပယ်ဖျောက်ပြီး ကောင်းကျိုးချမ်းသာတွေရပြီး ချမ်းသာသုခပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူတွေ အစစအရာရာအဆင်ပြေပါစေ၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ တစ်ဦးနဲ့တစ်ဦး မေတ္တာစိတ်ထားနိုင်ကြပါစေ၊ တစ်ဦးအကျိုးကို တစ်ဦး လိုလားကြပါစေ။ တစ်ဦးရဲ့ကောင်းကျိုးကို တစ်ဦးက စောင့်ရှောက်နိုင်ကြပါစေ။ မြန်မာနိုင်ငံကြီးလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းသာယာပြီး ထေရဝါဒဗုဒ္ဓသာသနာတော်လည်း နေလို လလို ဆတက်ထမ်းပိုးတောက်ပပြီး အားလုံးတိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားတွေ တရားထူး တရားမြတ် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။ ။

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Posted on Apr 29, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 28, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Posted on Apr 27, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Posted on Apr 26, 2024

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Posted on Apr 25, 2024

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 24, 2024
HOT NEWS
January 4,