ဓာတုပစ္စည်း စီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဓာတုပစ္စည်း စီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / November 21, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၀

ဓာတုပစ္စည်း စီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပသည်။

အစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့်တက်ရောက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ ဓာတုအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာဆရာမများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ဆောင်ရွက်နေသည့် လုပ်ငန်းများမှ သင်တန်းသားသင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းတက်ရောက်ခြင်းဖြင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ စွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊ ဗဟိုကြီးကြပ်ရေးအဖွဲ့က တားမြစ်ပိတ်ပင်ထားသော ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ၊ ယင်းတို့ကို ထည့်သွင်းအသုံးပြုသော စက်ကိရိယာများကို ပြည်တွင်းသို့ တင်သွင်းမှု သို့မဟုတ် ပြည်ပသို့တင်ပို့မှုမပြုခြင်း စသည်တို့ကိုသိရှိပြီး ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ ပို့ချသွားမည့် သင်ခန်းစာများသည် လက်ရှိဓာတု ပစ္စည်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်များ၊ အလုပ်သမားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် အသိပညာနှင့် ဗဟုသုတများစွာရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သင်တန်း၌ဆွေးနွေးပို့ချမည့် အကြောင်းအရာတို့ကို ရှင်းလင်းတင်ပြသည်။

ယခုသင်တန်းကို နိုဝင်ဘာ၂၀ ရက်မှ ၂၁ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဓာတုပစ္စည်းများနှင့် ဆက်စပ်ဆောင်ရွက်နေသည့် လုပ်ငန်းများမှ သင်တန်းသား သင်တန်းသူ ၆၁ ဦး တက်ရောက်မည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၅-၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီး ဌာနရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။

ထို့နောက် ဝန်ကြီးဌာန/ အဖွဲ့အစည်းများက တင်ပြသည့် အမှာစာကိုးစောင်ကို သက်ဆိုင်ရာကော်မတီဝင်နှင့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့်အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025
HOT NEWS
January 4,