နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / February 07, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၆

နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ စည်းလုံးညီညွတ်ရေး၊ လုပ်ငန်းခွင် ပျော်ရွှင်စေရေး၊ ဝန်ထမ်းများအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ် ဖြစ်ပေါ်ခိုင်မာအားကောင်းလာစေရေး၊ ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၉) နိုင်ငံခြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ထမနဲထိုးပြိုင်ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဝန်ထမ်းများနှင့်အတူ အထူး ဧည့်သည်တော်များအဖြစ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်တို့လည်း တက်ရောက်ကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ထမနဲထိုးပြိုင်ပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့်ဦးစီးဌာနတို့မှ ဌာနအလိုက် အရာထမ်း၊ အမှုထမ်းများပါဝင်သည့် ပြိုင်ပွဲဝင်အသင်း ရှစ်သင်းတို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက်ပါဝင်ယှဉ်ပြိုင်ကြရာ ဝန်ထမ်းများကလည်း ဦးစီးဌာနအလိုက် အိုးစည်ဒိုးပတ်၊ သံချပ်များဖြင့် တီးမှုတ်ကခုန်ကာ ပျော်ရွှင်စွာအားပေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်း ရှစ်သင်းတို့၏ ထမနဲထိုး ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများကို ဆုများ ချီးမြှင့်ခဲ့ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026
AnnouncementsExplore more >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ