နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် သားကောင်းတမန်မဂ္ဂဇင်း(၂၀၂၅ ခုနှစ်) ထုတ်ဝေခြင်းနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲ ကျင်းပ
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် သားကောင်းတမန်မဂ္ဂဇင်း(၂၀၂၅ ခုနှစ်) ထုတ်ဝေခြင်းနှင့် ဂုဏ်ပြုနေ့လယ်စာစားပွဲ ကျင်းပ
Ministry of Information/ Naypyitaw / February 21, 2026
ရန်ကုန် ဖေဖော်ဝါရီ ၂၀
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၅ ခုနှစ်) ထုတ်ဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နှစ်ပတ်လည်အထိမ်းအမှတ် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၅ ခုနှစ်) ထုတ်ဝေရေးကော်မတီဝင်များ၊ စာမူရှင်များ၊ ကြော်ငြာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားသို့ တက်ရောက်လာသူများအား ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်မဂ္ဂဇင်းများကို ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ယခုထုတ်ဝေသော သားကောင်းတမန်မဂ္ဂဇင်း(၂၀၂၅ ခုနှစ်) သည် (၂၇)ကြိမ်မြောက် ထုတ်ဝေသောစာအုပ်ဖြစ်ကြောင်းနှင့် အဆိုပါမဂ္ဂဇင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုမှတ်တမ်းများနှင့် ဝါရင့်သံတမန်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအပြင် ပြင်ပစာမူရှင်များက သံတမန်ရေးရာ၊ နိုင်ငံတကာရေးရာများနှင့် အတွေ့အကြုံဗဟုသုတများကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် သုတ၊ ရသစုံလင်စွာ ရေးသားဖော်ပြထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံခြားရေးဝန်ကြီးဌာန တိုးချဲ့အဆောက်အအုံပရဝဏ်အတွင်း နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်း ယာယီရုံးခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Posted on Feb 21, 2026တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Posted on Feb 21, 2026စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Posted on Feb 18, 2026ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
