နိုင်ငံတကာ စီးပွားရေးဈေးကွက် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည့် စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းရှင်များ မွေးထုတ်

နိုင်ငံတကာ စီးပွားရေးဈေးကွက် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည့် စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းရှင်များ မွေးထုတ်


Ministry of Information/ Naypyitaw / August 10, 2025
image_latest


ရန်ကုန် ဩဂုတ် ၉

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း(စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၁)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)၌ ကျင်းပသည်။

အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ ကုန်သွယ်မှုလုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်လိုင်စင်များထုတ်ပေးမှုအပါအဝင် ကုန်သွယ်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုစေ့စပ်ဆွေးနွေးညှိနှိုင်းရေး၊ စားသုံးသူကာကွယ်ရေး၊ မူပိုင်ခွင့်များမှတ်ပုံတင်ရေး၊ ကုန်သွယ်မှုပညာပေးရေး စသည့် လုပ်ငန်းနယ်ပယ်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်သည့်အခါ ဗဟိုဘဏ်၏ မူဝါဒများနှင့်အညီ နိုင်ငံတော်အနေဖြင့် ကုန်သွယ်မှုလိုငွေများမဖြစ်ပေါ်စေရေးအတွက် ပို့ကုန်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက် အဓိကလိုအပ်သည့် သွင်းကုန်ပစ္စည်းများကိုလည်း ဦးစားပေးခွင့်ပြုပေးလျက်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း နိုင်ငံတကာစီးပွားရေးဈေးကွက်တွင် ယှဉ်ပြိုင်ထိုးဖောက်နိုင်မည့် ပို့ကုန်လုပ်ငန်းရှင်သစ်များနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးလုပ်ငန်းရှင်များမွေးထုတ်ရန်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ ကုန်သွယ်ရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စာတမ်းအကောင်းဆုံးဆု ရရှိသူများကို ဆုချီးမြှင့်ပေးအပ်ပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်သည်။

ယခု အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ)အမှတ်စဉ် (၁၁) မှ သင်တန်းသား သင်တန်းသူ ၁၀၈ ဦး အပါအဝင် ယခင်ဖွင့်လှစ်ပြီးဖြစ်သည့် ကုန်သွယ်မှုအခြေခံသင်တန်းများမှ သင်တန်းသား သင်တန်းသူ ၂ဝ၂၂ ဦးနှင့် ကုန်သွယ်မှုအဆင့်မြင့်သင်တန်းမှ သင်တန်းသား သင်တန်းသူ ၉၇ ဦး၊ ရက်တိုသင်တန်းမှ သင်တန်းသား သင်တန်းသူ ၈၂၂ ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၉၄၁ ဦးကို ကုန်သွယ်မှုကဏ္ဍအတွက် မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။ အဆိုပါသင်တန်းဆင်းပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်းမှ သင်တန်းသားဟောင်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Mar 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Posted on Mar 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Posted on Mar 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း