နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား
Ministry of Information/ Naypyitaw / April 17, 2024
မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး မင်္ဂလာနှစ်သစ်ပါလို့ ကြိုဆို နှုတ်ခွန်းဆက်အပ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်ကို ကူးပြောင်းတဲ့ မင်္ဂလာနှစ်သစ်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ရှေးနှစ်ပေါင်းများစွာကတည်းက ချစ်ကြည်ရင်းနှီးစွာ တစ်အူထုံ့ဆင်း အတူတကွနေထိုင်လာကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ဒီနှစ်သစ်မှစပြီး ချစ်ခြင်း မေတ္တာတရားပွားများနိုင်ကြပါစေ။ စည်းလုံးညီညွတ်မှုအားနဲ့ တိုင်းပြည်ရဲ့လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ဖော်ဆောင်နိုင်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်နိုင်ကြပါစေ။
ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး နှစ်သစ်မင်္ဂလာအချိန်အခါမှစပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ ငြိမ်းချမ်းပျော်ရွှင်မှုကို ခံစားရရှိနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း
Posted on Apr 26, 2024တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ တင်ဒါခေါ်ယူခြင်းနှင့် ဈေးနှုန်းအဆိုပြုလွှာ လျှောက်လွှာခေါ်ယူခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်း၊ အလယ်တောရစံပြစာသင်တိုက်အတွင်းရှိ မြေကွက်နှင့် မြေကွက်ပေါ်ရှိ အဆောက်အအုံ...
Posted on Apr 29, 2024
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Posted on Apr 27, 2024ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်