နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / February 20, 2026
image_latest


ဟားခါး ဖေဖော်ဝါရီ ၁၉

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ယနေ့မွန်းလွဲ ၁ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်၌ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများသည် အခြားတိုင်းဒေသကြီး / ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်နှိုင်းယှဉ်ပါက လိုအပ်ချက်များရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို professional ပီသစွာ ထမ်းဆောင်ရန်တာဝန်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပါရှိပါကြောင်း၊ ပါတီနိုင်ငံရေးနှင့် အမျိုးသားနိုင်ငံရေးသည် ကွာခြားပါကြောင်း၊ ပါတီနိုင်ငံရေးသည် ပါတီတစ်ခု၏အကျိုး စီးပွားကို ဆောင်ရွက်ခြင်းဖြစ်ပြီး အမျိုး သားနိုင်ငံရေးသည် သာမန်အားဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ပါကြောင်း၊ မည်သည့် အစိုးရတက်တက် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ကို တာဝန်ခံပြီး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ထားသည့်ဥပဒေ၊ နည်းဥပဒေများကို ကိုးကားပြီး မိမိတို့ ဝန်ကြီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်၏ ဒေသဆိုင်ရာအချက်အလက်များနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Posted on Feb 20, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Feb 19, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Feb 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Posted on Feb 16, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 15, 2026