နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အဖွဲ့ဝင်များ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ အာဟာရသုခဈေး၌ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အဖွဲ့ဝင်များ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ အာဟာရသုခဈေး၌ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / February 27, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၆
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် တာဝန်ရှိသူများသည့် ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာအုပ်စု ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေးသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မီးလောင်မှုဖြစ်ပွားခဲ့သည့် ရုံအမှတ် (ဂ) ရှိ မီးလောင်ပျက်စီးခဲ့မှုအခြေအနေနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆိုင်ခန်းပိုင်ရှင်များအား တွေ့ဆုံအားပေးစကားပြောကြားကာ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာအုပ်စု ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေးတွင် ဖေဖော်ဝါရီ ၂၅ ရက် ည ၈ နာရီ ၄၆ မိနစ်ခန့်တွင် ဈေးရုံ၏ ရုံအမှတ် (ဂ) မှ စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီသွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၁ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းနှင့် ဈေးရုံငါးရုံအနက် ဈေးရုံတစ်ရုံရှိ ဆိုင်ခန်းပေါင်း ၂၄၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဈေးကြီးအတွင်းရှိ မီးလောင်ပျက်စီးမှုတွင် ပါဝင်ခြင်းမရှိသည့် ကျန်ဈေးရုံများနှင့် ဈေးဆိုင်ခန်းများတွင် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဈေးဆိုင်ခန်းများကိုလည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်ရောင်းချနိုင်စေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
Posted on Feb 27, 2026ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း
Posted on Feb 27, 2026ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း
အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
Posted on Feb 26, 2026အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
