နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပေါ် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ထပ်ဆင့်ရှင်းလင်း

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအပေါ် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း ထပ်ဆင့်ရှင်းလင်း


Ministry of Information/ Naypyitaw / April 21, 2026
image_latest


နေပြည်တော် ဧပြီ ၂၀

လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက နိုင်ငံတော်သမ္မတ၏မိန့်ခွန်းအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ ကျင်းပရာ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းထဲထည့်သွင်းပြောကြားရာတွင် လူငယ်ကဏ္ဍနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ရန်အတွက် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ လူ့စွမ်းအားအရင်းအမြစ်များ အများအပြားလိုအပ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သည့် လူငယ်များ အများအပြားရှိပါကြောင်း၊ လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာအဆင့်မီပညာရေးရရှိပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဏ္ဍိုင်ထားရမည်ဖြစ်၍ ပညာရည်မြင့်မားအောင် ပညာရေးကဏ္ဍကို ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ပါကြောင်း၊ ပညာနိမ့်သူများ၊ ပညာမဲ့သူများ၊ အသိပညာနိမ့်ကျသူများနှင့် နိုင်ငံကို တည်ဆောက်၍မရနိုင်ပါကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏အင်အား၊ နိုင်ငံကို တည်ဆောက်မည့်သူများဖြစ်၍ လူငယ်ကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။

လူငယ်ကဏ္ဍမြှင့်တင်ပေးမည်ဆိုလျှင် မျိုးဆက်အလိုက် တိုးတက်ပြောင်းလဲအောင်လုပ်ရမည်ဖြစ်သည့်အတွက် အချိန်ယူရမည်ဖြစ်ပါကြောင်း၊ အစကတည်းက စနစ်တကျနှင့် အခြေခံကောင်းရန် လိုပါကြောင်း၊ ထို့အပြင် အသက်အရွယ်၊ အဆင့်အတန်းအလိုက် ရှိသင့်ရှိထိုက်သည့် အတွေးအခေါ်၊ အယူအဆ၊ ဆင်ခြင်သုံးသပ်မှုနှင့် ဆင်ခြင်တုံတရားပြည့်ဝသည့် လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့် လူငယ်များကို အထူး အလေးထားပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအပြင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်တက်ကြွကြွပူးပေါင်းပါဝင်လာစေရန်နှင့် လူငယ်ရေးရာကဏ္ဍများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်၍ အသစ်ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် စာသင်ကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ ကွန်ပျူတာနှင့် ဘာသာစကားသင်တန်းများ၊ ကင်းထောက်နှင့် ကြက်ခြေနီ သင်တန်းများအပြင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာသင်တန်းများကိုလည်း ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်းပြီး သင်တန်းများဖွင့်လှစ် ၍ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်ဝပြီး အရည်အသွေးမြင့်မားသည့် လူငယ်များပေါ်ထွက်လာစေရန် မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ လုပ်ဆောင်နိုင်သည့် စွမ်းအားများဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ပျော်ရွှင်စွာအလုပ်လုပ်ရင်း ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မြန်မာနှစ်သစ်ကူးအခါသမယတွင် နှစ်သစ်ကူးအလှူအဖြစ် ဘုရားဆင်းတုတော်နှင့် ဘုရားကျောင်းဆောင် ၅၀ တို့ကို အရာထမ်း၊ အမှုထမ်းများအား ဘုရားမဲဖောက်ပေးခြင်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။


Posted on Apr 20, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026