နိုင်ငံအကျိုးအတွက် ဆောင်ရွက်ရမည့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ

နိုင်ငံအကျိုးအတွက် ဆောင်ရွက်ရမည့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ


Ministry of Information/ Naypyitaw / April 27, 2026
image_latest


နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲနိုင်မှုနှင့်လည်း ဆက်စပ်နေသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေးတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍမှာ မရှိမဖြစ်အရေးပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူတစ်ဦးချင်းပျမ်းမျှလျှပ်စစ်ဓာတ်အား စက်တပ်ဆင်မှုပမာဏသည် ထိုနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံသားတို့၏ လူနေမှုဘဝအဆင့်အတန်းကို ခန့်မှန်းနိုင်သည့် အညွှန်းကိန်းလည်းဖြစ်သည်။

မိမိတို့နိုင်ငံတွင်လည်း နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်လျက်ရှိသော်လည်း ဓာတ်အားလိုအပ်ချက်ကို ပြည့်မီခြင်းမရှိသေးဘဲ လိုအပ်နေဆဲသာဖြစ်သည်။ လက်ရှိ မိမိတို့နိုင်ငံ၏ လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အားစက်တပ်ဆင်မှုပမာဏမှာ ဒေသတွင်းနိုင်ငံများအတွင်းမှာပင်လျှင် နိမ့်ကျလျက်ရှိသည်ကို တွေ့ရသည်။ နိုင်ငံအတွက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရာတွင် ကမ္ဘာပေါ်ရှိ ရေသယံဇာတကြွယ်ဝသော နိုင်ငံတိုင်းတွင် ရေအားလျှပ်စစ်စီမံကိန်းကို ဦးစားပေးတည်ဆောက်ကြသည့်နည်းတူ မိမိတို့နိုင်ငံတွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများကို ဦးစားပေးအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ရေအားလျှပ်စစ် ဖော်ထုတ်အသုံးပြုခြင်းသည် ပျမ်းမျှပမာဏ ၇ဝ ရာခိုင်နှုန်း အထက်တွင်ရှိရာ နော်ဝေကဲ့သို့သော နိုင်ငံတွင် ၉၉ ရာခိုင်နှုန်းအထိ ရေအားလျှပ်စစ်ကို အသုံးပြုနေခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ရေအားလျှပ်စစ်ဖော်ထုတ်အသုံးပြုမှုမှာ နည်းပါးပြီး အာဖရိကနိုင်ငံများတွင် ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအတွင်းသာရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်ဟူသော မြစ်ကြီးများနှင့် မြစ်လက်တက်၊ မြစ်သွယ်၊ ချောင်းသွယ်များစွာရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များစွာရှိသော်လည်း အသုံးချနိုင်မှုပမာဏမှာ လွန်စွာနည်းပါး နေသေးသည်။ ရေအားလျှပ်စစ်သည် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားခြင်းနှင့် စီမံကိန်းတည်ဆောက်မှု ကြာမြင့်ခြင်းကဲ့သို့သော အားနည်းချက်တို့ရှိသော်လည်း ဓာတ်အားထုတ်လုပ်မှု စရိတ်စက အသက်သာဆုံးနှင့် ရေရှည်ဓာတ်အားထုတ်ယူနိုင်သည့် အားသာချက်များရှိသည်။ နိုင်ငံ၏ဓာတ်အားလိုအပ်ချက်ကို ရေအားလျှပ်စစ်ဖြင့် ဖြည့်ဆည်းနိုင်ရေးအတွက် ယခင်အစိုးရများလက်ထက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော အဖျက်အမှောင့်သမားများက မမှန်ကန်သော သတင်းအချက်အလက်များ၊ စိုးရိမ်ထိတ်လန့်စေရန် ခြောက်လှန့်မှုများဖြင့် ဒေသခံပြည်သူများကို စီမံကိန်းအား ဆန့်ကျင်လာကြစေရန် သွေးထိုးလှုံ့ဆော်ဖန်တီးခဲ့ကြသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားအသွင်၊ မြစ်ချောင်း ချစ်သူများအသွင်ယူ၍ ရေအားလျှပ်စစ်စီမံကိန်းများကို ဆန့်ကျင်ခဲ့ကြသူ၊ မသိနားမလည်သော ဒေသခံပြည်သူများကို သွေးထိုးလှုံ့ဆော်ခဲ့ကြသူများမှာ လက်ရှိအကြမ်းဖက်သောင်းကျန်းသူများက မြစ်ချောင်းတောတောင်ရှိသမျှကို မြေလှန်ဖျက်ဆီး အဆိပ်သင့်စေ၍ အကျိုးစီးပွားရှာဖွေနေမှုများ တွင် နှုတ်ဆိတ်ပူးပေါင်းနေသူများဖြစ်သည်။

“မိမိတို့နိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းများကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ရမည့်စီမံကိန်းကြီးများကို အကောင်အထည်ဖော်ဆောင်ရွက်ချိန်တွင် ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း” ပြည်ထောင်စုအစိုးရအဖွဲ့၏ ပထမဆုံးအစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရအဖွဲ့၏ ၅ နှစ်တာ ကာလအတွက်လုပ်ဆောင်ရန် လိုအပ်သည်များကို ပြောကြားရာတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ယခုအခါ ဧရာဝတီမြစ်ဆုံ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ကာ ပညာရှင်များက ဒေသခံတိုင်းရင်းသားပြည်သူများအား အမှန်အတိုင်း သိမြင်လာကြစေရန် သိကောင်းဖွယ်ရာများကို ရှင်းလင်းပြောကြားမှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူများ၏ သိရှိလို၍ မေးမြန်းမှုများကို ပြန်လည်ဖြေကြားရှင်းလင်းနေကြကြောင်း သတင်းများတွင် တွေ့ရှိနေရသည်။ မိမိတို့နိုင်ငံတွင် တည်ဆောက် ပြီးစီးသမျှ ရေအားလျှပ်စစ်စီမံကိန်းကြီးများမှာ နိုင်ငံနှင့် ပြည်သူလူထုအား အကျိုးပြုလျက်ရှိသည်ကို လက်တွေ့မျက်မြင်သိရှိကြပြီးဖြစ်ရာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ မြင့်မားရေးအတွက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို မိမိတို့အားလုံး ကြိုဆိုကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Apr 27, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆