နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လူသားအရင်းအမြစ်များမွေးထုတ်

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လူသားအရင်းအမြစ်များမွေးထုတ်


Ministry of Information/ Naypyitaw / October 30, 2025
image_latest


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြင့်မားရေးကို မြှင့်တင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်ခန့်သည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ကြသည်ဖြစ်ရာ စိုက်ပျိုး မွေးမြူရေးထွက်ကုန်များ မြှင့်တင်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် MSME လုပ်ငန်းများကို အလေးထားဆောင်ရွက်ခြင်းနှင့် ထုတ်ကုန်အရည်အသွေး မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြကာ နိုင်ငံ့စီးပွားမြင့်မား တိုးတက်လာစေရန် ဆောင်ရွက်ကြရမည် ဖြစ်သည်။

နိုင်ငံ့စီးပွားတိုးတက်အောင် ဆောင်ရွက်ရာ၌ ပုံမှန်ဆောင်ရွက်နေကျ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအပြင် အချို့သော စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် စက်မှုကုန်ကြမ်းများဖြင့် MSME လုပ်ငန်းများသာမက စက်မှုကုန်ထုတ်လုပ်ငန်းများပါ အားကောင်းလာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဝါ၊ ဝါး၊ ရော်ဘာ စသည့်စက်မှုကုန်ကြမ်းပင်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ဝါစိုက်ပျိုးရေးမှ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ ဝါးစိုက်ပျိုးရေးမှ လူသုံးကုန်နှင့် စက္ကူလုပ်ငန်း၊ ရော်ဘာစိုက်ပျိုးရေးမှ တာယာနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေခံမြေခံအခြေခံကောင်းများ ပေါများကြွယ်ဝသဖြင့် စိုက်ပျိုးရေးထွက်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စိုက်ပျိုးသူတောင်သူ များ တွက်ခြေကိုက်ရေးနှင့် လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများ ပေးဝေဆောင်ရွက် ကြရမည်ဖြစ်သည်။ လိုအပ်သော အရည်အသွေးပြည့်မီသည့် ကုန်ကြမ်းများရရှိလာစေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်၊ ဒေသအလိုက်ပိုင်ဆိုင်ထားသည့် အရင်းအမြစ်များကို ကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်ရေးလေ့လာဆန်းစစ်ဆောင်ရွက် သွားရန်လိုကြောင်းနှင့် နိုင်ငံတော်နှင့်ဒေသအတွက် အကျိုးရှိနိုင်မည့် လုပ်ငန်းများကို ရှုထောင့်ပေါင်းစုံမှကြည့်၍ ဆောင်ရွက်သွားကြရန် နိုင်ငံတော်အကြီးအကဲက အသိ ပေးပြောကြားထားသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများကို အောင်မြင် အောင်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်း များလိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ၂၅ နှစ် အထက် လူဦးရေ၏ ၄၆ ရာခိုင်နှုန်းခန့်သည် ပညာရေးအားနည်းသဖြင့် ပညာရေးကို မဖြစ်မနေအလေး ထားဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ ပညာရေးတွင် အကြောင်းအမျိုးမျိုးကြောင့် ပြီးမြောက်အောင် မသင်ကြားနိုင်ခြင်း၊ တတ်မြောက်အောင် မသင်ကြားနိုင်ခြင်းကြောင့် ပညာတတ်များ လိုအပ်လျက်ရှိသည်။ နိုင်ငံတွင်ပညာရေးအားကောင်းလာ မှသာလျှင် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပြီး ယင်းတို့ကို ထိရောက်စွာအသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်းအဆင့်အထိ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်မှုမရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများ အမြောက်အမြားရှိသည်။ တပ်မတော်က နိုင်ငံတော်တာဝန်ယူသည့် ၂၀၂၁ ခုနှစ်မှ လက်ရှိကာလအထိ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သည့် လူငယ်လူရွယ် ငါးသန်းခန့်ရှိသည်ဟု သိရသည်။ အဆိုပါလူငယ်လူရွယ်များအတွက် နိုင်ငံတော်က ထည့်သွင်းစဉ်းစားဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များ နှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် ပိုလီတက္ကနစ်ကျောင်းများ ဖွင့်လှစ်သင်ကြားတက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက် ခဲ့သည်။

ကွန်ပျူတာနှင့်နည်းပညာကို ပေါင်းစပ်ထားသည့် ပိုလီတက္ကနစ်တက္ကသိုလ်များ ဖွင့်လှစ်ဆောင် ရွက်ခဲ့ရာတွင် အောင်မြင်မှုများရရှိခဲ့ပြီး အကျိုးရလဒ်များ ပေါ်ထွက်လာသည်ကိုတွေ့ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်ရေရှည်အကျိုးစီးပွား ကိုမြော်တွေးကာ ပညာရေးနှင့် ပတ်သက်ပြီး လူသားအရင်းအမြစ်အပေါ်မူတည်၍ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိအချိန်ကာလအထိ လူငယ်လူရွယ်အများစုအနေဖြင့် အလယ်တန်းအဆင့်တွင်ပင် ပညာရေးဆုံးခန်းတိုင်မှုဖြစ်နေသည်ကို တွေ့ရသည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ခရိုင်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုပညာသင် အထက်တန်းကျောင်းများကို ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများ အထိုက်အလျောက် ရရှိနေသည်ကို တွေ့ရ သည်။

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ အဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းကြောင့် ပေါ်ထွက်လာသော လူသားအရင်းအမြစ် ကောင်းများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးကို အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။        ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025
AnnouncementsExplore more >

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

HOT NEWS
January 4,