နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရာသီ ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းများ ထိခိုက်မှုလျော့နည်းစေရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးရာသီ ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းများ ထိခိုက်မှုလျော့နည်းစေရေး ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / August 05, 2024
image_latest


နေပြည်တော် ဩဂုတ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်ဧရိယာအတွင်း ဆည်ကန်များ ရေသိုလှောင်ထားနိုင်မှုအခြေအနေနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများကို ထိခိုက်စေနိုင်သည့် ရေအိုင်ခြင်း၊ ရေဝပ်ခြင်း၊ ရေနစ်မြုပ်ခြင်းများ မဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်ခြင်းနှင့် ရိုးချောင်းများ ရေစီးရေလာကောင်းမွန်ရေးအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းတမံကို ကြည့်ရှုစစ်ဆေးပြီး ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါးတွင် တပ်ဆင်ပြီးစီးသည့် ရေတံခါးရွက်များ စမ်းသပ်လည်ပတ်နိုင်ရေး၊ ပိုမိုသိုလှောင်ရရှိလာမည့် ဆည်ရေများနှင့် လျှပ်စစ်ဓာတ်အားများ အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် သက်ဆိုင်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ မိုးတွင်းကာလ ရေလှောင်တမံ ဘေးကင်းလုံခြုံမှုဆိုင်ရာအစီအမံများနှင့်ပတ်သက်သည့် အရေးပေါ်ကြိုတင်ပြင်ဆင်မှု အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေးမှာကြား သည်။

ထို့နောက် ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျွန်းရောင်း-အိုင်စောက်-ပေါင်းဖော်ရေနုတ်မြောင်းများ၏ ရေစီး၊ ရေလာကောင်းမွန်ရေး ရှင်းလင်းတူးဖော်လုပ်ငန်း ဆောင်ရွက်နေမှု၊ ပျဉ်းမနားမြို့နယ် မြို့ရှောင်လမ်းအောက်ဘက်ကပ်လျက်ရှိ မကျီးရိုး၊ ကနခိုရိုးနှင့် လယ်ဝေးမြို့နယ် ချောင်းဇောက်ရိုးများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေစီးဆင်းရာလမ်းကြောင်းတစ်လျှောက်တွင် ရေစီးရေလာ ကောင်းမွန်မှုရှိစေရေးနှင့် သီးနှံစိုက်ကွင်းများအတွင်း ရေအိုင်ခြင်း၊ ရေဝပ်ခြင်း၊ ရေနစ်မြုပ်မှုများ လျော့နည်းစေရန် စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် လယ်ဝေးမြို့နယ်ရှိ ဧလာကန်ကိုကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက မိုးရာသီကာလအတွင်း အလေအလွင့်မရှိ ရေသိုလှောင်နိုင်ရေးနှင့် နွေသီးနှံ စိုက်ပျိုးရာသီတွင် ရေပိုမိုပေးဝေနိုင်ရေး၊ ရေပိုလွှဲမှ ရေစီးဆင်းရာလမ်းကြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး စစ်ဆေးကြပ်မတ်ရန်၊ ရေလှောင်ကန်ရေရှည်တည်တံ့ရေး၊ ဘေးကင်းလုံခြုံမှုဆိုင်ရာအစီအမံများနှင့်ပတ်သက်သည့် အရေးပေါ်ကြိုတင်ပြင်ဆင်မှုများကို အလေးထားစီစဉ်ထားရှိရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ဒေသတွင်း မိုးရွာသွန်းမှုလျော့နည်းခဲ့သဖြင့် ရှစ်နှစ်တာကာလအတွင်း ကန်ရေပြည့်မှတ်ရောက်သည်အထိ ဝင်ရေစုဆောင်းနိုင်ခဲ့ခြင်းမရှိသည့် ဧလာကန်တွင် ယခုနှစ် မိုးဦးကာလ မိုးကောင်းခဲ့သဖြင့် ကန်ရေပြည့်သိုလှောင်ထားပြီးဖြစ်ကြောင်း၊ ကန်ပေါင် အလျား ပေ ၂၄၀၀၊ ကန်ပေါင်အမြင့် ရှစ်ပေရှိ အဆိုပါကန်မှ စိုက်ပျိုးမြေ ဧရိယာ ၂၆၂ ဧကကို အကျိုးပြုလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။


Posted on Jul 03, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 01, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Posted on Jun 30, 2025
AnnouncementsExplore more >

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

Posted on Jul 4, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)

Posted on Jul 3, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)