နေပြည်တော်ကောင်စီဥက္ကဋ္ဌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် တက်ရောက်
Ministry of Information/ Naypyitaw / August 02, 2025

နေပြည်တော် ဩဂုတ် ၁
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် Naypyitaw State Polytechnic University ၌ ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများ၊ စာပေပညာရှင်များ၊ အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ဈေးရောင်းပွဲတော်၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာပေဆိုင်ရာဆွေးနွေးပွဲ၊ စကားရည်လုပြိုင်ပွဲများ ကျင်းပနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး Naypyitaw State Polytechnic University ပါမောက္ခချုပ်ထံ စာအုပ်စာစောင်များနှင့် ချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းရာ အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးမှု၊ စာပေပညာရှင် ဦးခင်မောင်ကျော်(ရဲမွန်ကျော်)၏ စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောမှု၊ Naypyitaw State Polytechnic University မှ ကျောင်းသား ကျောင်းသူများ၏ ကျပန်းစကားပြောပြိုင်ပွဲများကို ကြည့်ရှုအားပေးပြီး ဆုရကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့် ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်တက်ရောက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားသည်။
ယမန်နေ့ကလည်း နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိ ရေလှောင်တမံသို့သွားရောက်ပြီး တမံပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ အရေးပေါ်ရေပိုလွှဲ တူးဖော်ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Posted on Aug 2, 2025မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -
Myanmar National Human Rights Commission Statement No. (9/ 2025)
Posted on Aug 2, 2025