နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ Solar စွမ်းအင် တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အရောင်းပြပွဲကျင်းပ

နေပြည်တော်ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ Solar စွမ်းအင် တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အရောင်းပြပွဲကျင်းပ


Ministry of Information/ Naypyitaw / May 27, 2026
image_latest


နေပြည်တော် မေ ၂၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းများ၌ Solar စွမ်းအင် တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အရောင်းပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Solar ကုမ္ပဏီများနှင့် ဘဏ်များမှ ကိုယ်စားလှယ်များနှင့် ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက Solar စနစ်ကို အသုံးပြုခြင်းအားဖြင့် ဟိုတယ်နှင့်တည်းခိုရိပ်သာ လုပ်ငန်းများသည် မိမိတို့၏ စွမ်းအင်အသုံးစရိတ်များကို ရေရှည်တွင် လျှော့ချနိုင်မည်ဖြစ်သလို စွမ်းအင်လုံလောက်မှုကိုလည်း တိုးတက်စေနိုင်မည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် Green Tourism ဖော်ဆောင်ရာတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး နေစွမ်းအင်ကုမ္ပဏီက နေရောင်ခြည်သုံး Solar စွမ်းအင် တပ်ဆင်အသုံးပြုခြင်းဆိုင်ရာကိစ္စရပ်များနှင့် မြန်မာ့ခရီးသွားဘဏ်က Solar စွမ်းအင်တပ်ဆင်အသုံးပြုနိုင်ရေး ချေးငွေဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြကာ တက်ရောက်လာကြသူများ၏ သိရှိလို သည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက Solar စွမ်းအင် တပ်ဆင်အသုံးပြုနိုင်ရေး ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026
AnnouncementsExplore more >

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

Posted on May 27, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ