နေပြည်တော် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / December 17, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး ရတနာပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ကျင်းပရာ တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒာသီရိအမှူးပြုသော ပင့်သံဃာများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ မြို့ရှေ့စန္ဒာရုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒာသီရိထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်နှင့်ပရိတ်သဲများကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်၍ ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ဗိမာန်တော်ကြီးဝင်းအတွင်း ပက်ဖျန်းကြဲဖြန့် ကြသည်။

ဆက်ကပ်လှူဒါန်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ရတနာပန္နက်တော်များကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ထမ်းမိသားစုများနှင့် ခုနစ်ရက်သားသမီးများက ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်တည်ဆောက်ရန်အတွက် အလှူတော်ငွေများကို ဂေါပကအဖွဲ့ဥက္ကဋ္ဌထံလည်းကောင်း၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၇၇ ကျောင်းနှင့် သီလရှင် ၁၆ ကျောင်းစုစုပေါင်း ၂၉၃ ကျောင်းအတွက် အလှူတော်ငွေများကို နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းထံလည်းကောင်း ပေးအပ်လှူဒါန်းကြပြီး တပ်ကုန်းမြို့ မြို့ဦးကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍဝ ထံမှ အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ဆက်လက်၍ ဥပသကာများကရတနာ ပန္နက်တော်များကိုပင့်ဆောင်၍ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးဝင်းအတွင်း လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ရတနာပန္နက်တော်တင်၍ ပရိတ်နံ့သာရည်ဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Posted on Jan 12, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 11, 2026