ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်း
ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်း
Ministry of Information/ Naypyitaw / May 16, 2026
နေပြည်တော် မေ ၁၅
ပုံနှိပ်ပြီးစီးသော ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
လှူဒါန်းပွဲသို့ ချမ်းမြသာစည်မြို့နယ် ဓမ္မိကာရာမတိုက်မိတ္ထီလာကျောင်း ဆရာတော်နိုင်ငံတော် ဩဝါဒါစရိယဘဒ္ဒန္တသုဇနပီယအမှူးပြုသော သံဃာတော်များ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာစာမူ ကျမ်းစာအုပ်များ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားပြီး ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များအား ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ အရိပ်မထွက်ဘုရား၊ ဘုရားနီဘုရား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
