ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည်မြို့နယ်၌ TRAMADOL ဆေးတောင့်များ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည်မြို့နယ်၌ TRAMADOL ဆေးတောင့်များ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / February 12, 2026
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် TRAMADOL ဆေးတောင့်များနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ ကျိုက်ထိုမြို့နယ်၊ သုံးအိမ်စုကျေးရွာနေ ရဲမြင့်မာန်(ခ)ရဲမြင့်(၃၈)နှစ် မောင်းနှင်ပြီး သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်နေ မြင့်မြတ်အောင်(ခ)ဟာဆန်လေး (၁၈)နှစ် လိုက်ပါလာသော NISSAN CONDOR  မော်တော်ယာဉ်ပေါ်မှ စက္ကူဂျပ်ဖာဖြင့်ထည့်လျက် TRAMADOL ဆေးတောင့် ၉၉,၀၀၀ တောင့် (ဆေးတောင့် တစ်တောင့်လျှင် ငွေကျပ် ၄၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၃၉၆ သိန်း)အား ဖမ်းဆီးရမိခဲ့ကြောင်း။

     ကွင်းဆက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် TRAMADOL ဆေးတောင့်များအား လာရောက်ယူဆောင်သူ လှိုင်မြို့နယ်၊ အမှတ်(၆)ရပ် ကွက်နေ သက်ဟိန်း(ခ) ချိုအိုက်(၂၈)နှစ်အား အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်တွင် PROBOX မော်တော်ယာဉ် တစ်စီးနှင့် လည်းကောင်း၊ ၎င်း၏ ဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီတွင် TRAMADOL ဆေးတောင့် များအား လာရောက်ယူဆောင်သူ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မြင့်နိုင်(ခ) မိုဟာမက်ဇူဘေး(၄၂) နှစ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၌ JETOUR DASHING မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း။ 

     ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၁ နာရီတွင် ဖမ်းဆီးရမိ TRAMADOL ဆေးတောင့်များအား တင်ဆောင်ပေးသူ သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်နေ တင်သန်းဦး(ခ)ဝကီး(ခ)ဘိုင်ဝေါ်ကီ(၃၀)နှစ်သည် နေအိမ်မှ THINNER ၁,၀၈၀ လီတာ (တစ်လီတာလျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၂၁ ဒသမ ၆ သိန်း)နှင့် လည်းကောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်နေ ဒေါ်နီနီအေး(၃၉)နှစ်အား ၎င်း၏ နေအိမ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိသဖြင့် ရဲမြင့်မာန်(ခ)ရဲမြင့်၊ မြင့်မြတ်အောင်(ခ) ဟာဆန်လေး၊ သက်ဟိန်း(ခ)ချိုအိုက်၊ မြင့်နိုင်(ခ)မိုဟာမက်ဇူဘေး၊ တင်သန်းဦး(ခ)ဝကီး(ခ)ဘိုက်ဝေါ်ကီနှင့် ဒေါ်နီနီအေး တို့အား ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Feb 12, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 11, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Feb 10, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Posted on Feb 09, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 08, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စ​နေနေ့။


Posted on Feb 07, 2026
AnnouncementsExplore more >

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Posted on Feb 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Posted on Feb 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Posted on Feb 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။