ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေး ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေး

ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေး ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေး


Ministry of Information/ Naypyitaw / February 27, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုမင်္ဂလာအဆင့်မြင့် ဈေးတည်ဆောက်ရာတွင်ပါဝင်ခဲ့သည့် ကုမ္ပဏီများမှတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ စည်ကားသိုက်မြိုက်စွာဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေးသို့ရောက်ရှိကြရာ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)နှင့် ပညာရေးဒီဂရီကောလိပ် (မန္တလေး)တို့မှ ကျောင်းသူလေးများက “ပန်းကမ္ဘာမျှော်စင်” တေးသီချင်းဖြင့် ကပြဖျော်ဖြေကြိုဆိုကြသည်။

ယင်းနောက် သုမင်္ဂလာအဆင့်မြင့်ဈေးအဆောက်အဦအသစ်အား ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် သုမင်္ဂလာအဆင့်မြင့်ဈေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ၎င်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)နှင့် ပညာရေးဒီဂရီကောလိပ် (မန္တလေး)တို့မှ ကျောင်းသူလေးများက “လှပဝေဆာသုမင်္ဂလာ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သုမင်္ဂလာအဆင့်မြင့်ဈေးအတွင်း ဆိုင်ခန်းများဖွင့်လှစ်ရောင်းချလျက်ရှိမှုအခြေအနေများ၊ ကလေးကစားကွင်းအတွင်းကလေးငယ်များ ဆော့ကစားလျက်ရှိမှုအခြေအနေများနှင့် ရုပ်ရှင်ရုံတို့အတွင်း လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

၎င်းနောက် အခမ်းအနားဒုတိယပိုင်းကို ဈေးဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ရာ ဦးစွာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သုမင်္ဂလာအဆင့်မြင့်ဈေး အဆောက်အဦသစ်၏သမိုင်းကြောင်းနှင့် အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်းသည့် Video Clip ကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က သုမင်္ဂလာအဆင့်မြင့်ဈေး အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဂါရဝပြုပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် “လှပဝေဆာ သုမင်္ဂလာ” ဂုဏ်ပြုတေးသီချင်းအား ကြည့်ရှုကြသည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့၊ သုမင်္ဂလာ အဆင့်မြင့်ဈေး တည်ဆောက်ပြီးစီးမှုနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါ ပြင်ဦးလွင်မြို့၊ သုမင်္ဂလာအဆင့်မြင့်ဈေးအား ပြင်ဦးလွင်မြို့၏ လူနေထူထပ်မှုများပြားလာမှု၊ အပန်းဖြေခရီးသွားလာမှုများပြားလာမှုနှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေးသစ်ကြီးဖြစ်ပေါ်လာစေရန်၊ ခေတ်စနစ်နှင့်အညီ မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ၊ နိုင်ငံတကာနှင့်လိုက်လျောညီထွေမှုရှိသည့် RC အဆင့်မြင့် ဈေးသစ်ကြီးဖြစ်ပေါ်လာစေရန်၊ ဒေသထွက်ကုန် အခြေခံကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စုတစ်ဝေးတည်း ရောင်းဝယ်ဖောက်ကားရရှိလာစေရန်၊ တောင်ပေါ်မြေပြန့် ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်လာစေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဈေးသစ်ကြီးသည် RC အမျိုးအစား (၆)ထပ် အဆောက်အဦဖြစ်ပြီး ဈေးဝယ်သူများ အဆင်ပြေစွာသွားလာနိုင်စေရန်အတွက် စက်လှေကား ၁၂ စင်း၊ ဓာတ်လှေကား ၆ စင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစနစ်၊ လုံခြုံရေးစနစ်၊ မီးဘေးအန္တရာယ်ကာကွယ်မှုစနစ်နှင့် သဘာဝဘေးဒဏ်ခံနိုင်မှုစနစ်များကို စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါ သုမင်္ဂလာအဆင့်မြင့်ဈေးကြီးအတွင်း Branded ဆိုင်များ၊ Promotion Area ၊ Cart Shop Area Bank Area များ Super Market တစ်ခု မီနီမတ်ဆိုင်များ၊ စတိုးဆိုင်များ၊ အဝတ်အထည်နှင့် အလှကုန်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ အားကစားကွင်း ၁ ခုနှင့် ရုပ်ရှင်ရုံများကို ထည့်သွင်းတည်ဆောက်ထားသည့်အပြင် ယဉ်ရပ်နားရန်နေရာများကိုလည်း စနစ်တကျဖြင့် ထည့်သွင်းတည်ဆောက်ထားရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026
AnnouncementsExplore more >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ