ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇) နှင့် စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးပွဲကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇) နှင့် စပ်လျဉ်း၍ အသိပညာမျှဝေဆွေးနွေးပွဲကျင်းပခြင်း


Office of the Auditor General of the Union/ NPT / January 28, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP)အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၆၀)ကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)” နှင့်စပ်လျဉ်းသည့် အသိပညာမျှဝေဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၂ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ သည်။

ဆွေးနွေးပွဲတွင် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးက အသိပညာမျှဝေရေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိရာ စစ်ဆေးရေးဆိုင်ရာများ၊ ဝန်ထမ်းပိုင်းဆိုင်ရာများ၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် စည်းမျဉ်း စည်းကမ်းညွှန်ကြားချက်ဆိုင်ရာများ၊ ဌာနများ၏လုပ်ငန်းပိုင်းဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ နိုင်ငံတကာအတွေ့အကြုံများစသည့်ကဏ္ဍပေါင်းစုံကို ဤရုံးဝန်ထမ်းများ၊ အခြားဌာနမှ ဘာသာရပ် ဆိုင်ရာကျွမ်းကျင်သူများ၊ ပြင်ပပညာရှင်များမှဆွေးနွေးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် (၆၀)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ(၂၀၁၇)ဖြင့် ဆွေးနွေးပေးမည်ဟုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)ပါ ပြဋ္ဌာန်းချက်များ၊ အမိန့်ကြော်ငြာစာများ၊ ထူးခြားချက်များ၊ ကုမ္ပဏီအမျိုးအစားများ၊ ကုမ္ပဏီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ၊ ကုမ္ပဏီအမည်ပြောင်းခြင်း၊ အမည်ပြောင်းလဲရန်ညွှန်ကြားခြင်း၊ အများနှင့်မသက်ဆိုင်သောကုမ္ပဏီနှင့် အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊ ကုမ္ပဏီအမျိုးအစား ပြောင်းလဲခြင်း၊ ထားရှိရမည့်ကုမ္ပဏီမှတ်ပုံတင်စာအုပ်များ၊ ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် ပါဝင်ရ မည့်အကြောင်းအရာ၊ ကုမ္ပဏီအတွက် ဆုံးဖြတ်ချက်ချမှတ်သူများ၊ အစုရှယ်ယာရှင်ဆုံးဖြတ်ချက် များ၊ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့များအတွက် သတ်မှတ်ချက်များ၊ အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် (MyCo) အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးပေးမည်ဖြစ်သည့်အတွက် စစ်ဆေးရေးဝန်ထမ်းများနှင့်စာရင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိကို စိစစ်ပေးနိုင်မည့်အကျိုး ကျေးဇူးများကို ရရှိမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကနှင့်ဖက်စပ်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ (Joint Venture) ၏ စာရင်းများကို စစ်ဆေးဆောင်ရွက်ရာတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ ဥပဒေကို ဆက်စပ်စစ်ဆေးရသည့်အတွက် စာရင်းစစ်ဆေးသူများအတွက် များစွာအရေးကြီးပါ ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှရရှိသည့် အသိပညာဗဟုသုတများမှာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သဘောထားမှတ်ချက်များ ပြန်ကြားခြင်းတို့တွင် မရှိမဖြစ်လိုအပ်သည့် အထောက်အကူကောင်းများဖြစ်သည့်အတွက် လက်တွေ့လုပ်ငန်းခွင်တွင် ချိတ်ဆက်အသုံးပြုကြ စေလိုပါကြောင်းနှင့် ဆွေးနွေးသည့်အကြောင်းအရာများကိုလည်း သေချာစွာ ဂရုပြုနားထောင်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝတ်ရည်ဖြိုးက မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ (၂၀၁၇)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက်‌ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက် စစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာက ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့သည်။

ဆွေးနွေးပွဲသို့ နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမတွင် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၊ နေပြည်တော်စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများနှင့် အများပြည်သူသို့စာရင်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ PAPP များက Online ဖြင့်လည်းကောင်း စုစုပေါင်း ( ၁၁၃၉ ) ဦး တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဇန်နဝါရီ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 28, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Jan 27, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Posted on Jan 26, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026
AnnouncementsExplore more >

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Posted on Jan 27, 2026

ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Posted on Jan 27, 2026

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း