ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၁/၂၀၂၆) ကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၁/၂၀၂၆) ကျင်းပခြင်း


Office of the Auditor General of the Union/ NPT / March 16, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၁/၂၀၂၆) အခမ်းအနားကို အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

နံနက်ပိုင်းတွင် စစ်ဆေးဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နည်းပညာဖွံ့ဖြိုးရေး နှင့်လေ့ကျင့်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း ကျင်းပခဲ့ရာ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက မိမိတို့ လိုအပ်ချက်များကို အစီအစဉ် အတိုင်း အသီးသီးထုတ်ဖော်တင်ပြခဲ့ကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေး နိုင်မှုအခြေအနေနှင့် ဦးစားပေးရမည့်ကိစ္စရပ်များပေါ် မူတည်၍ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်တလောဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်း ဒေသတွင်းစစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီများပြတ်လပ်မှုမရှိစေရေးနှင့် ရုံးလုပ်ငန်း များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှချမှတ်သည့်ညွှန်ကြားချက် နှင့်အညီ ရုံးဖွင့်ရက်များတွင် တစ်ဝက်သုံး/တစ်ဝက်နားအလှည့်ကျစနစ်ဖြင့် သုံးစွဲရန်၊ ဌာနဆိုင်ရာ ယာဉ်များအား ရုံးပိတ်ရက်တွင်အသုံးမပြုရန်နှင့် လုပ်ငန်းလိုအပ်ချက်အရ ဌာနအကြီးအမှူး (သို့မဟုတ်) တာဝန်ရှိသူ၏ခွင့်ပြုချက်ဖြင့်သာ အသုံးပြုရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာ/ ယာယီဝန်ထမ်းအိမ်ရာများတွင်နေထိုင်သည့် ဝန်ထမ်းများအနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိ စေရန်၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှု များပြုလုပ်ရန်၊ ဝန်ထမ်းများအချင်းချင်း အပြန်အလှန် လေးစားမှုဖြင့် နွေးထွေးစွာ ဆက်ဆံကြပြီး ကျင့်ဝတ်သိက္ခာစောင့်ထိန်း၍ စည်းကမ်းလိုက်နာသော ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Mar 12, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026
AnnouncementsExplore more >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း