ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး သေဆုံး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး သေဆုံး
Ministry of Home Affairs/ Nay Pyi Taw / February 10, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်၊။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအနီး ပျဉ်းမနား-တောင်ညိုကားလမ်း မိုင်တိုင်အမှတ် ၁၆ မိုင် ၇ ဖာလုံနှင့် ၁၇ မိုင်အကြား၌ တောင်ညိုမှ နေပြည်တော်သို့ မင်းကုန်းကျေးရွာနေ ဦးလှခိုင် (၅၃)နှစ် မောင်းနှင်လာသော Luojia 110 ဆိုင်ကယ်သည် ယာဉ်ကြောမရှင်းဘဲ ဝဲဘက်သို့ ချိုးကွေ့ မောင်းနှင်စဉ် နေပြည်တော်မှ တောင်ညိုသို့ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်နေ ဦးအေဒီဝင်း(၃၉)နှစ် မောင်းနှင်လာသော YGN-12 5L/XXXX HONDA FIT SHUTTLE မော်တော်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးလှခိုင်တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် နေပြည်တော်ခုတင် (၁၀၀၀)ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သဖြင့် လှခိုင်အား တောင်ညိုနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
မြေဩဇာရည်ညွှန်းဈေးနှုန်းများ သိရှိနိုင်ပါရန် ကြေညာခြင်း
Posted on May 5, 2025