ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာလောင်ကျွမ်းမှုဖြစ်ပွား
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာလောင်ကျွမ်းမှုဖြစ်ပွား
Ministry of Information/ Naypyitaw / May 23, 2026
နေပြည်တော် မေ ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ် ၃၃ ကေဗွီဓာတ်အားခွဲရုံအမှတ် (၂) ရှိ ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေထရန်စဖော်မာအမှတ် (၁) သည် မေ ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၂ မိနစ်တွင် ဓာတ်အားပြတ်တောက်ခဲ့ပြီး လျှပ်စစ်စမ်းသပ်ရေးဆိုင်ရာ စမ်းသပ်ချက်များအရ ထရန်စဖော်မာလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ဖော်ပြပါ ထရန်စဖော်မာလောင်ကျွမ်းမှုကို သိလျှင်သိချင်း အဆိုပါထရန်စဖော်မာဖြင့် ဓာတ်အားဖြန့်ဖြူးထားသည့် အစိုးရဌာနရုံးများနှင့် အများပြည်သူဆိုင်ရာနေရာအချို့အား ၎င်းဓာတ်အားခွဲရုံရှိ ကျန်ထရန်စဖော်မာ အမှတ် (၂) ဖြင့် ဝန်အားမျှ၍ လျှပ်စစ်ဓာတ်အား ယာယီပြန်လည်ဖြန့်ဖြူးပေးခဲ့သည်။
လောင်ကျွမ်းခဲ့သည့် ထရန်စဖော်မာ အမှတ် (၁) ကို ၂၀၀၃ ခုနှစ်ကတည်းက ထုတ်လုပ်သုံးစွဲခဲ့ပြီး အလေးချိန် ၂၁ တန်ရှိသည်။ အဆိုပါထရန်စဖော်မာအား ၁၀ အမ်ဗွီအေထရန်စဖော်မာတစ်လုံးဖြင့် အစားထိုးလဲလှယ်နိုင်ရေးအတွက် ၇၀ တန် ကရိန်းယာဉ်နှင့် ယန္တရားများ အသုံးပြု၍ မေ ၂၁ ရက် ညနေ ၄ နာရီမိနစ် ၂၀ မှစတင်၍ စီစဉ်ဆောင်ရွက်ခဲ့ရာ မေ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရွှေ့ပြောင်းခြင်း၊ တပ်ဆင်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ယနေ့ည ဓာတ်အားသုံးစွဲမှု လျော့ကျသွားသောအချိန်မှစ၍ ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
