ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / May 25, 2026
၂၀၂၆ ခုနှစ်၊ မေ ၂၃ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၃ ရက် ည ၁၂ နာရီ ၁၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၄ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမြို့မှ ရန်ကုန်မြို့ဘက်သို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်နေ ဦးသန်းစိုးအောင်(၄၂)နှစ် မောင်းနှင်ပြီး အမျိုးသား ခြောက်ဦး လိုက်ပါလာသည့် MDY-17/2F-XXXX BONGO မော်တော်ယာဉ်သည် အခင်းဖြစ် နေရာအရောက်၌ အနှေးယာဉ်ကြောနှင့်ကပ်လျက် သုံးပေလမ်းပေါ်နှင့် မြေသားလမ်းဘေးတွင် ရပ်တန့်ထားစဉ် လားရာတူ နောက်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အေးမြဝတီရပ်ကွက်နေ ကိုတင့်ဇော်ထွေး(၂၈)နှစ် မောင်းနှင်ပြီး အရာတော်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးကြည်စိုး(၅၇)နှစ် လိုက်ပါလာသည့် MDY-1/7M-XXXX MITSUBISHI FUSO မော်တော် ယာဉ်မှဝင်တိုက်မိခဲ့သဖြင့် BONGO မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ပျဉ်းမနားမြို့နယ်၊ နှမ်းတောကျေးရွာနေ ကိုရန်ကျော်ဦး(၂၉)နှစ်၊ ကြံဖိုစုကျေးရွာ နေကြသူများဖြစ်သည့် ကိုပြည့်ဖြိုးအောင်(၁၉)နှစ်နှင့် ကိုနေမင်းထက်(၂၁)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် တင့်ဇော်ထွေး အား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
